International News

ဗီယက်နမ်နိုင်ငံသည် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် ၈ လအတွင်း အမေရိကန်ဒေါ်လာ ၄.၅၈ ဘီလီယံရရှိ

Last Updated:

၂၀၂၄ ခုနှစ် ၈ လအတွင်း သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှ ၀င်ငွေသည် အမေရိကန်ဒေါ်လာ ၄.၅၈ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၉.၁ ရာခိုင်နှုန်း သိသိသာသာ တိုးလာကြောင်း ဗီယက်နမ်နိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် လုပ်ငန်းရှင်များ အသင်း၏ အဆိုအရ သိရှိရပါသည်။

ဩဂုတ်လတစ်လတည်းတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅၀.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံတင်ပို့မှုတွင် တရုတ်နိုင်ငံသည် ၈ လတာ ကာလအတွင်း အကြီးမားဆုံး ဈေးကွက်အဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ပို့ကုန်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂.၉၃ ဘီလီယံရှိပြီး စုစုပေါင်း တင်ပို့မှု၏ ၆၄ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းနောက်တွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့သို့ ပို့ကုန်ဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၂၂၃.၅ သန်းနှင့် ၂၂၃ သန်း အသီးသီးရှိပြီး တစ်နှစ်ထက်တစ်နှစ် ၃၁ ရာခိုင်နှုန်းနှင့် ၅၁ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ဖော်ပြထားသည်။

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News