International News

တရုတ်နိုင်ငံအနေဖြင့် ကနေဒါ သွင်းကုန်များအပေါ် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်

Last Updated:

တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ ပြည်တွင်းဥပဒေများအပြင် ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့ (WTO) စည်းမျဉ်းများနှင့်အညီ ကနေဒါနိုင်ငံမှ မုဒိန်းစေ့ (rapeseed) တင်သွင်းမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု တစ်ရပ်ကို စတင်တော့မည် ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းစက်မှုလုပ်ငန်းများ၏ တောင်းဆိုမှုများအရ ကနေဒါနိုင်ငံမှ ဓာတုဗေဒထုတ်ကုန်များအတွက် စုပုံတင်ပို့မှုတုန့်ပြန်သည့် စုံစမ်းစစ်ဆေးမှု (anti-dumping investigation) တစ်ရပ်ကို စတင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ အွန်လိုင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ကနေဒါအစိုးရအနေဖြင့် တရုတ်ထုတ် (EVs) လျှပ်စစ်ကားများအပြင် တရုတ်နိုင်ငံမှ တင်သွင်းသည့် သံမဏိနဲ့ အလူမီနီယံထုတ်ကုန်များအပေါ် စည်းကြပ်ခွန်အသစ်များ အပါအဝင်သော တင်းကျပ်တဲ့ အစီအမံများလုပ် ဆောင်သွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် သြဂုတ်လနှောင်းပိုင်းတွင် ကြေ ညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါကြေညာချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ကုမ္ပဏီများအတွက် တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သည့်အစီအမံအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတိပေး ပြောဆိုခဲ့သည်။

ကနေဒါသည် တရုတ်နိုင်ငံ၏ သွင်းကုန်များအပေါ် ခွဲခြားဆက်ဆံမှု၊ တစ်ဖက်သတ် ကန့်သတ်ချက်များ ချမှတ်ထားမှုကြောင့် တရုတ်နိုင်ငံအနေ ဖြင့် သက်ဆိုင်ရာ ကနေဒါ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု စတင်မည်ဖြစ်ပြီး ပကတိ အခြေအနေများကို အခြေခံ၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အရင်းမြစ်။ http://www.chinadaily.com.cn/a/202409/03/WS66d68430a3108f29c1fc9d9b.html

လျန်ရှန်းမုန်

စီးပွားရေးသံမှူး၊

တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News