International News

တရုတ်နိုင်ငံသည် ကနေဒါ၏ စည်းကြပ်ခွန်တိုးမြှင့်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး စုံစမ်းစစ်ဆေးမှုကို ထုတ်ပြန်

Last Updated:

တရုတ်ထုတ်လျှပ်စစ်ကားများ(EVs)များနှင့် တရုတ်နိုင်ငံမှတင်သွင်းသည့် သံမဏိနှင့် အလူမီနီယံ ထုတ်ကုန်များအပေါ် ကနေဒါနိုင်ငံ၏ စည်းကြပ်ခွန် တိုးမြှင့်မှုကို တုန့်ပြန်သည့်အနေဖြင့် ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး စုံစမ်းစစ်ဆေးမှုကို တရုတ်နိုင်ငံက စက်တင်ဘာလ ၃ ရက်နေ (အင်္ဂါနေ့) တွင် ထုတ်ပြန်ခဲ့သည်။

ကနေဒါနိုင်ငံ၏ အကောက်ခွန်ဆိုင်ရာ ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေး စုံစမ်းစစ်ဆေးချက်ကို တရုတ်နိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဥပဒေ၏ သက်ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ စတင်မည်ဖြစ်ပြီး လက်တွေ့အခြေအနေများအပေါ်မူတည်၍ သက်ဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို နောက်ပိုင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အွန်လိုင်းကြေညာချက်တွင် ပြောကြားခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံ အနေ ဖြင့် ပထမဆုံးသော စုံစမ်းစစ်ဆေးမှုဖြစ်ပြီး ကမ္ဘာပေါ်မှာ ၎င်း၏ ပထမဆုံး စုံစမ်းစစ်ဆေးမှုလည်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ကနေဒါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းမှုကို ပစ်မှတ်ထား၍ ခွဲခြားဆက်ဆံမှုရှိသော တစ်ဖက်သတ် တင်းကျပ်သည့် အစီအမံများကို ချမှတ်ခဲ့ပြီး ၎င်း၏ ပါတီအသီးသီးမှ ကန့်ကွက်မှုများကို လျစ်လျူရှု၍ ယခုကဲ့သို့ လုပ်ဆောင်မှုများအပေါ် တရုတ်နိုင်ငံမှ ပြင်းပြင်းထန်ထန် ကျေနပ်မှုမရှိကြောင်း နှင့် ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း၊  တရုတ်နိုင်ငံအနေဖြင့် အဆိုပါအပြုအမူများကို ဆန့်ကျင်သည့် အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့သို့ အယူခံတင်သွင်းသွားမည် ဖြစ်ကြောင်း၊ ကနေဒါနိုင်ငံ၏ မုဒိန်းစေ့ (rapeseed) တင်သွင်းမှု၊ အချို့သော ဓာတုဗေဒ ထုတ်ကုန်များ တင်သွင်းမှုနှင့် ပတ်သက်၍ စုပုံတင်ပို့မှုတုန့်ပြန်သည့် စုံစမ်းစစ်ဆေးမှုများ (anti-dumping investigations) ကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အသက်ဝင်သည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား (EVs) အားလုံး အပေါ် ၁၀၀ ရာခိုင်နှုန်း ထပ်စောင်းခွန် (surtax) ကောက်ခံရန် စီစဉ်ထားမှုနှင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်၍ တရုတ်နိုင်ငံမှ သံမဏိနှင့် အလူမီနီယံ ထုတ်ကုန်တင်သွင်းမှုများအပေါ် ၂၅ ရာခိုင်နှုန်း ထပ်စောင်းခွန် (surt ax) တိုးမြှင့်ကောက်ခံသွားရန် ကနေဒါနိုင်ငံမှ လွန်ခဲ့သော သီတင်းပတ်က ကြေညာခဲ့ပြီးနောက် အဆိုပါဆုံးဖြတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ် သည်။

ကနေဒါနိုင်ငံအနေဖြင့် surtax နှုန်းထားများကို သတ်မှတ်ရာ၌ ၎င်း၏ ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှု သို့မဟုတ် သုတေသနများ ဆောင်ရွက်ခြင်းမပြုဘဲ အမေရိကန်နိုင်ငံကို မျက်စိမှိတ်ပြီး လိုက်နာဆောင်ရွက်ခြင်းသည် အလွန်အတ္တဆန်ကြောင်း၊ မရိုးသားသည့် လုပ်ရပ်တစ်ခု ဖြစ်ကြောင်း၊ ကနေဒါနိုင်ငံ၏ လုပ်ဆောင်မှုများသည် "အပြတ်အသတ် ခွဲခြားဆက်ဆံခြင်း” (outright discriminatory) ဟု ဆိုနိုင်ပါကြောင်း၊ တရုတ်နိုင်ငံ၏ ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး စုံစမ်းစစ်ဆေးမှုသည် ဥပဒေများ၊ စည်းမျဉ်းများ နှင့်အညီ တရုတ်ကုမ္ပဏီများ၏ အခွင့်အရေးနှင့် တရားဝင်အကျိုးစီးပွားများကို ကာကွယ်ရန်ရည်ရွယ် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း တရုတ် နိုင်ငံ တကာ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အကယ်ဒမီမှ သုတေ သီ Liang Ming က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံ၏ တတိယအကြီးဆုံး လျှပ်စစ်ကား (EVs) တင်သွင်းသည့် ရင်းမြစ်တစ်ခုဖြစ်ပြီး သံမဏိနှင့် အလူမီနီယံ တင်သွင်းမှု ၌လည်း ဒုတိယအကြီးဆုံးဖြစ်သည်။ ကနေဒါနိုင်ငံ၏ လုပ်ရပ်သည် WTO စည်းမျဉ်းများကို ပြင်းထန်စွာ ချိုးဖောက်သည့် “ကုန်သွယ်မှုကာကွယ်ရေးဝါဒကို ပြောင်ပြောင်တင်းတင်း ကျူးလွန်မှုတစ်ခု” (‌a blatant form of trade protectionism) ဖြစ်ကြောင်း Liang က ဝေဖန်ခဲ့သည်။

WTO ၏ အခြေခံမူများသည် ခွဲခြားဆက်ဆံမှုမရှိခြင်း၊ တရားမျှတသောကုန်သွယ်မှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံထားသည်။ ကနေဒါ၏ လုပ် ဆောင်မှုများသည် ဤအခြေခံမူများကို ပြင်းထန်စွာချိုးဖောက်ပြီး ကမ္ဘာ့ကုန်သွယ်မှုအမိန့်ကို ပြတ်ပြတ်သားသား စိန်ခေါ်ခဲ့ကြောင်း လေ့လာသူများက မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံသည် ၎င်း၏ နိုင်ငံခြားကုန်သွယ်မှုဥပဒေနှင့်အညီ မည်သည့် နိုင်ငံ သို့မဟုတ် ဒေသ၏ ချမှတ်ထားသော ခွဲခြားဆက်ဆံမှုဆိုင်ရာ တားမြစ်ချက်များနှင့် ကန့်သတ်ချက်များကို ရင်ဆိုင်ရသည့်အခါ သက်ဆိုင်ရာ စီမံဆောင်ရွက်မှုများသည် တရားမျှတမှုရှိကြောင်း၊ ယင်းသို့ စီမံဆောင်ရွက်မှုများသည် ကျယ်ကျယ်ပြန်ပြန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကနေဒါ၏ လုပ် ဆောင်မှုများကို ပစ်မှတ်ထားသည့် နယ်ပယ် များအတွက်သာ ကန့်သတ်လုပ်ဆောင်ခြင်းမဟုတ်ကြောင်း Liang က ပြောကြားခဲ့သည်။

မည်သည့် စုံစမ်းစစ်ဆေးမှုများကို ထုတ်ပြန်ခြင်းမပြုဘဲ စည်းကြပ်ခွန်တိုးမြင့်မှုကို ကြေညာခြင်းသည် ကနေဒါအနေဖြင့် "ပြင်းထန်သော နိုင်ငံရေး ခြယ်လှယ်မှု” (stark political manipulation) ကို ကျင့်သုံးခြင်း ဖြစ် ကြောင်း၊ ထွန်းသစ်စကဏ္ဍ (emerging sector) နှင့် သမရိုးကျကဏ္ဍ (traditional sector) နှစ်ခုစလုံးတွင် တရုတ်ထုတ်ကုန်များအပေါ် အခွန်တိုးမြင့်ကောက်ခံခြင်းသည် "ကနေဒါဘက်မှ မကောင်းသော အကြံအစည်ကို အပြည့်အဝပြသခြင်း" (fully displays the malicious intention of the Canadian side) ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အရေးယူဆောင်ရွက်မှုများသည် အလုံးစုံ ခုခံကာကွယ်မှုဖြစ်သည်မှာ သိသာပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံ၏ မုဒိန်းစေ့(rapeseed) စုပုံတင်ပို့မှု တုန့်ပြန်သည့် စုံစမ်းစစ်ဆေးမှုများကို တရုတ်နိုင်ငံ၏ သက်ဆိုင်ရာဥပဒေများ၊ စည်းမျဉ်းများအပြင် WTO ၏ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။ သက်ဆိုင်ရာ ကနေဒါ ဓာတုဗေဒထုတ်ကုန်များအပေါ် စုံစမ်းစစ်ဆေးမှု သည်လည်း တရုတ်ပြည်တွင်းစက်မှုလုပ်ငန်းများ၏ တောင်းဆိုချက်အရ စတင်ဆောင်ရွက်သွားမည် ဖြစ်သည်။

မကြာသေးမီက တရုတ်ပြည်တွင်းစက်မှုလုပ်ငန်း၏ အစီရင်ခံစာများကို ကိုးကား၍ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံသို့ ကနေဒါ မုဒိန်းစေ့များ တင်ပို့မှု သိသိသာသာ တိုးလာခြင်းသည် သံသယဖြစ်ဖွယ် ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကနေဒါသည် တရုတ်နိုင်ငံသို့ မုဒိန်းစေ့တင်ပို့မှုပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၇ ဘီလီယံ ရှိခဲ့သဖြင့် ယင်းသည် တစ်နှစ်ထက်တစ်နှစ် ၁၇၀ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းများမှာလည်း ဆက်တိုက်ကျဆင်းလာကြောင်း၊ ကနေဒါဘက်မှ မမျှတသော ပြိုင်ဆိုင်မှုဒဏ်ကြောင့် တရုတ်နိုင်ငံ၏ မုဒိန်းစေ့နှင့် ပတ်သက်သည့် လုပ်ငန်းများအနေဖြင့် ဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံ၏ မုဒိန်းစေ့တင်ပို့မှုအတွက် အကြီးဆုံး ဈေးကွက်တစ်ခုဖြစ်ပြီး ကနေဒါ၏ ဓာတုဗေဒထုတ်ကုန်များကို အဓိကတင်သွင်းသူလည်းဖြစ်သည်။ တရုတ်နိုင်ငံ၏ ရပ်တည်မှုသည် ပြတ်ပြတ်သားသား ရပ်တည်မှုဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီများအတွက် တရားဝင်အခွင့် အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် နိုင်ငံအနေဖြင့် လိုအပ်သည့် စီမံဆောင်ရွက်မှုအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ကနေဒါ၏ လုပ်ဆောင်ချက်များသည် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုနှင့် စီးပွား ရေးတည်ငြိမ် တိုးတက်မှုကို အနှောက်အယှက်ဖြစ်စေပါကြောင်း၊ ၎င်းတို့အနေဖြင့် လုံလောက်သော သတိပေးမှုမရရှိသည့် နိုင်ငံအချို့ကို လှည့်ဖြားနိုင်ကြောင်း၊ ယင်းမှာ ကမ္ဘာ့ကုန်သွယ်ရေး ဖြေလျော့မှုကို ထိခိုင်စေနိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံစုံကုန်သွယ်မှုစနစ် (multilateral trading system) အား တသမတ်တည်း ခုခံကာကွယ်ပေးသူအနေဖြင့် နိုင်ငံတကာ ဥပဒေများ၊ WTO ၏ စည်းမျဥ်းများနှင့်အညီ စီမံဆောင်ရွက်မှု အားလုံးကို လုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

အရင်းမြစ်။ http://en.people.cn/n3/2024/0904/c90000-20214134.html

လျန်ရှန်းမုန်

စီးပွားရေးသံမှူး၊

တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News