Local News

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း မတ်ပဲ ၂၄ ပြည်ဝင်အိတ်ရေ ၇၀၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း မတ်ပဲ ၂၄ ပြည်ဝင်အိတ်ရေ ၇၀၀၀၀ တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း မအူပင်မြို့နယ် လယ်ယာထွက်ကုန် ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ခိုင်ခိုင်ဝင်းက ပြောပြ၍ သိရသည်။ မအူပင်မြို့နယ်မှ ရန်ကုန် ဈေးကွက်သို့ ဇူလိုင်လအတွင်းက မတ်ပဲ ၂၄ ပြည်ဝင်အိတ်ရေ ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချ နိုင်ခဲ့ပြီး ဩဂုတ်လအတွင်း မတ်ပဲ ၂၄ ပြည်ဝင်အိတ်ရေ ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ ကြောင်း၊ အဆိုပါ ဒေသထွက်မတ်ပဲများကို မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ် ရေးလုပ်ငန်းရှင်များက ဝယ်ယူပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

“မအူပင်မြို့နယ်ကနေ ရန်ကုန်မြို့ကို ဩဂုတ်လထဲမှာ မတ်ပဲ ၂၄ ပြည်ဝင်အိတ်ရေ ၇၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါသည်။ လက်ရှိလဲ ဒေသထွက်ပဲတွေကို ရန်ကုန်ဘက်က အဝယ်လိုက်နေ ပါတယ်။ မတ်ပဲတွေကို ပြည်ပဈေးကွက်က ပြန်လည်ဝယ်ယူအားကောင်းလာတာကြောင့် ရန် ကုန်ဈေးကွက်ကလဲ ကောင်းလာတာဖြစ်ပါတယ်။ မတ်ပဲကိုတော့ ပြည်ပဈေးကွက်အနေနဲ့ တရုတ်နိုင်ငံဘက်ကို အများဆုံးတင်ပို့ရောင်းချတာပါ” ဟု မအူပင်မြို့နယ် လယ်ယာထွက်ကုန် ရောင်းဝယ်ရေးလုပ် ငန်းရှင် ဒေါ်ခိုင်ခိုင်ဝင်းက ပြောပြသည်။ ထိုသို့ တင်ပို့ရောင်းချခဲ့သည့် မတ်ပဲ ၂၄ ပြည်ဝင်တစ် အိတ်လျှင် ငွေကျပ် ၁၃၅၀၀၀ ထိ ဈေးပေါက်ခဲ့ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News