အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန (U.S. Department of Agriculture, USDA) သည် နို့နှင့် နို့ထွက်ပစ္စည်းလုပ်ငန်းများနှင့် ထုတ်လုပ်သူများကို နို့နှင့်နို့ထွက်ပစ္စည်းလုပ်ငန်းများ တီထွင်ဆန်းသစ်မှု အစီအစဉ် (Dairy Business Innovation Initiative, DBI) ရန်ပုံငွေအောက်တွင် အမေရိကန်ဒေါ်လာ (၁၁) သန်းထောက်ပံ့သွားမည်ဟု အမေရိကန်စိုက်ပျိုးရေးဝန်ကြီး Mr. Tom Vilsack က ၄-၁၀-၂၀၂၄ ရက်တွင် ဝစ္စကွန်ဆင်ပြည်နယ်၊ မက်ဒီဆင်မြို့၌ကျင်းပသည့် World Dairy Expo ၌ ပြောကြားခဲ့ပါသည်။ အဆိုပါအစီအစဉ်သည် အသေးစားနှင့် အလတ်စားနို့နှင့်နို့ထွက်ပစ္စည်းလုပ်ငန်းများအား ကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ ဈေးကွက်မြှင့်တင်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းတွင် ပံ့ပိုးကူညီရန်ဖြစ် ကြောင်း၊ ယနေ့အချိန်အထိ အဆိုပါအစီအစဉ်မှ စီမံကိန်းပေါင်း (၆၀၀) ကျော်ကို အမေရိကန်ဒေါ်လာ (၆၄) သန်းထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုနှစ်တွင် ရန်ပုံငွေထောက်ပံ့မည့်အဖွဲ့အစည်း (၄)ခုမှာ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်၊ တင်နက်ဆီပြည်နယ်တက္ကသိုလ်၊ စိုက်ပျိုးရေး၊ အစားအစာ နှင့် ဈေးကွက်သုတေသနအဖွဲ့၊ ဗားမောင့်မြို့နှင့် ဝစ္စကွန်ဆင်တက္ကသိုလ်တို့ ဖြစ်ကြောင်း သိရှိရပါသည်။
(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)