International News

တရုတ်နိုင်ငံသည် လွတ်လပ်သောကုန်သွယ်ရေးဇုန်များကို နိုင်ငံတကာစံနှုန်းများနှင့် လိုက်လျောညီထွေဖြစ်စေရန် အစီအမံများကို ချမှတ်အကောင်အထည်ဖော်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံသည် ၎င်း၏ ရှေ့ပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန်များ (Free Trade Zones-FTZs) ကို နိုင်ငံတကာစံနှုန်းများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ပထမအသုတ် အစီ အမံများကို အပြည့်အဝ အကောင်အထည်ဖော်ခဲ့သည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက (၆-၈-၂၀၂၄) ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်ရေးစည်းမျဉ်းများနှင့်အညီဖြစ်စေရန် တရုတ်နိုင်ငံတော်ကောင်စီသည် ရှန်ဟိုင်း၊ ကွမ်တုန်း၊ ထန်ကျင်း၊ ဖူကျန့်နှင့် ပေကျင်းမြို့တို့ရှိ အရည်အချင်း ပြည့်မီသော FTZ များတွင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကြေညာချက်တစ်စောင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

တစ်နှစ်အကြာတွင် အဆိုပါအစီအမံများကို အပြည့်အဝအကောင်အထည်ဖော်ခဲ့ပြီး အဖွဲ့အစည်းဆိုင်ရာ ဆန်းသစ်တီထွင်မှုအချို့ကို ဖြစ်ပေါ်စေခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိ ရှိရပါသည်။

အဆိုပါ တီထွင်ဆန်းသစ်မှုများသည် တရုတ်နိုင်ငံအတွက် စံနှုန်းမြင့်သော ကုန်သွယ်ရေး သဘောတူညီချက်များ၌ ပူးပေါင်းပါဝင်ရန် အထောက်အပံ့များ ဖြစ်စေခဲ့ပြီး နိုင်ငံအတွက် လက် တွေ့ကျသော လမ်းကြောင်းများကို ရှာဖွေနိုင်ခဲ့ကြောင်း သိရှိရပါသည်။

ပထမဆုံးသော အဖွဲ့အစည်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို အပြည့်အဝအကောင်အထည် ဖော်ခဲ့ပြီး မော်တော်ယာဥ်အင်ဂျင်များ အပါအဝင် ပြန်လည်ထုတ်လုပ်ထားသော ကုန်ပစ္စည်း အမျိုးအစား (၆၂)မျိုး တင်သွင်းမှုကို ဖြေလျှော့လိုက်ကြောင်း ဝန်ကြီးဌာနက ကြေညာခဲ့ပါသည်။

တရုတ်နိုင်ငံသည် နိုင်ငံတွင်း၌ နိုင်ငံခြားသားများ နေထိုင်အလုပ်လုပ်ကိုင်ရာတွင် ပိုမိုအဆင်ပြေစေရန် ဆောင်ရွက်ခဲ့ပြီး FTZ များတွင် ကုမ္ပဏီလာရောက်ဖွင့်လှစ်သည့် နိုင်ငံခြားသားအမှု ဆောင်အရာရှိများနှင့် ၎င်းတို့၏ မိသားစုဝင်များကို နှစ်နှစ်သက်တမ်းရှိ ဗီဇာထုတ်ပေးခြင်းနှင့် နိုင်ငံခြားကုမ္ပဏီများတွင် လုပ်ကိုင်နေသော ကျွမ်းကျင်ပညာရှင်များကို ထုတ်ပေးထားသည့် ဗီဇာသက်တမ်းအတိုင်း ၎င်းတို့၏ မိသားစုဝင်များကိုလည်း ဗီဇာထုတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်များလျှော့ချခြင်းနှင့် လုပ်ငန်းထိရောက်မှု မြှင့်တင်ခြင်းတို့နှင့်ပတ်သက်၍ အထူးခံစားခွင့်ရှိသည့် မူဝါဒများကိုလည်း ကျင့်သုံးခဲ့ကြောင်းနှင့် ပြုပြင်မွမ်းမံခြင်းများပြုလုပ်ရန် ဟိုင်နန်လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းမှ ယာယီထွက်ခွာသည့် လေယာဉ်နှင့် သင်္ဘောများအတွက် စည်းကြပ်ခွန် ကင်းလွတ်ခွင့်ပေးထားကြောင်း သိရှိရပါ သည်။

ဝန်ကြီးဌာနသည် ဈေးကွက်ဖွင့်လှစ်မှုကို မြှင့်တင်ရန်ရည်ရွယ်၍ ရှေ့ပြေးအစီအမံများနှင့် ကောင်းမွန်သောမူဝါဒများကို ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: https://english.news.cn/20240807/8aab3b8940cb4435a68a87624dbe4e32/c.html 

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News