International News

တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကန့်သတ်မှုများကို လုံးဝဖြေလျော့မည်ဟု ကတိပြုထား

Last Updated:

တရုတ်နိုင်ငံသည် ပွင့်လင်းမြင်သာမှုကို ပိုမိုမြှင့်တင်ရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ကုန်ထုတ် လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လုံးဝကန့်သတ်မည်မဟုတ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Zhu Bing က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ဈေးကွက်ဝင်ရောက်မှုကို ဖြေလျှော့ရန်နှင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးပတ်ဝန်းကျင်ကို မြှင့်တင်ရန် ထပ်မံလုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် Zhu က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အထူးသဖြင့် တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးသည့် လုပ်ငန်းအမျိုးအစားများကို တိုးချဲ့ကာ ဆက်သွယ်ရေးနည်းပညာ၊ အင်တာနက်၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်များတွင် စနစ်တကျ ဈေးကွက်ဖွင့်လှစ်နိုင်ရေး မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အရင်းအနှီးဈေးကွက်တွင် ကာလရှည်နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများကို ပိုမိုအထောက်အကူဖြစ်စေရန်အတွက် ပြန်လည်ပြင်ဆင်ထားသော စည်းမျဉ်းများကို ထုတ်ပြန်သွားမည်ဟု အဆိုပါတာဝန်ရှိသူထံမှ သိရှိရကြောင်း ဖော်ပြထားပါသည်။

စီးပွားရေးအခြေခံကောင်းများရှိခြင်း၊ ကြီးမားသောစျေးကွက်၊ အရည်အသွေးမြင့် စက်မှုလုပ်ငန်းများနှင့် ကျွမ်းကျင်ပညာရှင်များပေါများခြင်း အပါအဝင် စီးပွားရေးအရ အားသာချက်များကြောင့် တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ဆဲဖြစ်ကြောင်း Zhu က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ပထမနှစ်ဝက်တွင် ယွမ် (၅၀၀) ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံ) နီးပါးအထိ ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း အမြင့်ဆုံးဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် နိုင်ငံတွင်း၌ မှတ်ပုံတင်ထားသော နိုင်ငံခြားသားပိုင်ကုမ္ပဏီသစ် အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် (၁၄.၂)ရာခိုင်နှုန်း တိုးလာကာ (၂၇,၀၀၀) နီးပါးအထိ ရှိလာကြောင်း သိရှိရပါသည်။

Source: https://www.chinadaily.com.cn/a/202408/02/WS66ac8656a3104e74fddb8361.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

 

 

 

 

 

Category: International News