Local News

ကန့်ဘလူမြို့ ဈေးကွက်အတွင်းသို့ အာလူးသီးများ ဈေးနှုန်းမြင့်တက်လျက်ရှိ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်ခြောက်နှင့် ကုန်စိမ်းသီးနှံအစုံ ရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းကို လုပ်ကိုင်ရောင်းချလျက်ရှိကာ ကုန်စိမ်းသီးနှံများအား ရာသီအလိုက် ပေါ်ပင်သီးနှံများကို နေရာဒေသမရွေး ဖောက်သည်ယူ၍ ပေါ်ဦးပေါ်ဖျားမှ သီးနှံတုန်းသည်အထိ ရောင်းချကြောင်းသိရပါသည်။ ကန့်ဘလူမြို့မ စည်ပင်သာယာဈေးမှာ ကုန်ခြောက်၊ ကုန်စိမ်းသီးနှံများကို မန္တလေးမြို့၊ ဇီးကုန်းမြို့တို့မှ ဖောက်သည်မှာယူပြီး ကန့်ဘလူမြို့မစည်ပင်သာယာဈေးတွင် လက်လီ/လက်ကား ရောင်းချပါကြောင်း ကုန်စိမ်းသီးနှံရောင်းချနေသူထံမှ သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် ကန့်ဘလူမြို့မစည်ပင်သာယာဈေးအတွင်း၌ ရောင်းချနေသော အာလူးသီးများကို မန္တလေးမြို့မှ မှာယူရောင်းချကြောင်း၊  အာလူးသီး၏ ဈေးနှုန်းဈေးကွက်အနေဖြင့် ဇူလိုင်လမှစ၍ အာလူးသီးဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ယခုဩဂုတ်လ ပထမပတ်အတွင်း အာလူးသီးဈေးနှုန်းအနေဖြင့် အလုံးအကြီး/အသေးပေါ်မူတည်၍ တစ်ပိဿာလျှင်(၃၃၀၀/၃၅၀၀)ကျပ်တို့ဖြင့် ဖောက်သည်ဝယ်ယူရပြီး ကန့်ဘလူမြို့ စားသုံးသူပြည်သူများထံသို့ ရောင်းချရာတွင် အာလူးသီး အလုံးအကြီး/ အသေးပေါ်မူတည်၍ တစ်ပိဿာလျှင်(၄၂၀၀ / ၆၄၅၀)ကျပ် တို့ဖြင့် အသီးသီးရောင်းချပါကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေးကုန်ခြောက်/ ကုန်စိမ်းသီးနှံအစုံရောင်းချသူထံမှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News