International News

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှုသည် ၈ လအတွင်း အမေရိကန်ဒေါ်လာ ၂၀.၅ ဘီလီယံအထိရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ၈ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၀.၅ ဘီလီယံကျော်ကို ဆွဲဆောင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၇ ရာခိုင်နှုန်းတိုးလာကြောင်း စီမံ ကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန (MPI) မှ ကိန်းဂဏန်းများအရ သိရှိရပါသည်။

စီမံကိန်းအသစ် ၂၂၄၇ ခုအတွက် မှတ်ပုံတင်စာရင်းသွင်းထားမှုမှာ အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံရှိပြီး အရေအတွက်အားဖြင့် ၈.၅ ရာခိုင်နှုန်းနှင့် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂၇ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း၊ ရင်းနှီးမြှုပ်နှံမှုချိန်ညှိသည့် စီမံကိန်းများအနေဖြင့် ၉၂၆ ခုရှိပြီး ယခင်နှစ်ထက် ၄.၉ ရာခိုင်နှုန်း တိုးလာကြောင်း သိရှိရပါသည်။

ပြည်တွင်းကုမ္ပဏီများ၏ အစုရှယ်ယာများ ဝယ်ယူခြင်းနှင့် အရင်းအနှီးထည့်ဝင်ခြင်းမှ တစ်ဆင့် ရင်းနှီးမြုပ်နှံမှုသည် ၄၀.၉ ရာခိုင်နှုန်း ကျဆင်းသွားကာ အမေရိကန်ဒေါ်လာ ၂.၈၁ ဘီလီယံ နီးပါးအထိလျော့သွားသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၈.၅၃ ဘီလီယံရှိပြီး စုစုပေါင်း၏ ၇၁.၁ % ရှိကြောင်း ဖော်ပြထားသည်။

ယခုနှစ် ၈ လအတွင်း ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံနှင့်နယ်မြေ ၆၆ ခု အနက် စင်ကာပူနိုင်ငံသည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄.၆၆ ဘီလီယံနီးပါးဖြင့် ဦး ဆောင်နေပြီး စုစုပေါင်း၏ ၃၈.၈ ရာခိုင်နှုန်းရှိသည်။ တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ၊ ဟောင်ကောင် (တရုတ်)မှ အမေရိကန်ဒေါ်လာ ၁.၄၁ ဘီလီယံ၊ ဂျပန်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၁.၂၄ ဘီလီယံ နှင့် တူရကီနိုင်ငံမှ အမေရိကန်ဒေါ်လာ ၇၃၁.၃ သန်းတို့ ရှိကြောင်း ဖော်ပြထားသည်။

Source: Vietnam Economic Times

(စီးပွားရေးသံမှူး ၊ ဗီယက်နမ်)

Category: International News