International News

ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ကုန် တင်ပို့မှုသည် ၈ လအတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ကုန်တင်ပို့မှုသည် ယခုနှစ် ၈ လ အတွင်း အမေရိကန် ဒေါ်လာ ၄၀.၀၈ ဘီလီယံ ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၈.၆ ရာခိုင်နှုန်း တိုးလာသည်ဟု ဗီယက်နမ်နိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဌာန ပြောကြားချက်ကို ကိုးကား၍ ဗီယက်နမ်သတင်းတွင် ဖော်ပြခဲ့သည်။

လယ်ယာထွက်ကုန်းချက်ကို ဝန်ကြီးဌာနကိုတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၁.၃၂ ဘီလီယံ၊ သစ်တောထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀.၉၇ ဘီလီယံ၊ ရေထွက်ကုန် ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၆.၃ ဘီလီယံနှင့် မွေးမြူရေးထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၄ သန်း ရရှိခဲ့ကြောင်း သိရှိရပါသည်။

အာရှသို့ တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၁၅.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကသို့ တင်ပို့မှုမှာ ဒေါ်လာ ၉.၃ ဘီလီယံနှင့် ဥရောပသို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံ မြင့်တက်ခဲ့သည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဝန်ကြီး Phung Duc Tien မှ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ကုန် တင်ပို့မှုသည် ဝန်ကြီးချုပ်၏ တစ်နှစ်စာ လျာထားချက် အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံ ပြည့်မီရန် မျှော်လင့်ပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးရေး ကဏ္ဍ တည်ငြိမ်တိုးတက်မှုအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Xinhua

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

 

Category: International News