International News

ဟောင်ကောင်လုပ်ငန်းများအနေဖြင့် လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့တွင် ရင်းနှီး မြှုပ်နှံသင့်

Last Updated:

ဟောင်ကောင်ဒေသရှိ လုပ်ငန်းအနေဖြင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ရှာဖွေသင့်ကြောင်း ဟောင်ကောင် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးကောင်စီ(HKTDC) မှ ပြောကြားခဲ့ကြောင်း သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင်  'HK firms should invest in Laos, Vietnam and Cambodia' ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုများအတွက် အခွင့်အလမ်းများကို ဗီယက်နမ်နိုင်ငံတွင် လည်း ကောင်း၊ လာအိုနိုင်ငံသည် ထောက်ပံ့ပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအ ဆောက်ဦရင်းနှီးမြှုပ်နှံမှုများ ရှာဖွေလျက်ရှိပြီး၊ ကမ္ဘောဒီးယားနိုင်ငံမှာ လုပ်ငန်းအမျိုးအစားအ များအပြားရှိနေပြီး ဒစ်ဂျစ်တယ်အခြေခံ အဆောက်အဦမှ ထောက်ပံ့ပို့ဆောင်ရေး ဗဟိုဌာန တစ်ခုဖြစ်လာရေးအထိ ရင်းနှီးမြှုပ်မှု အခွင့်အလမ်းများရှိပါကြောင်း HKTDC မှ စီးပွားရေး ပညာရှင်များက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အဆိုပါပြောကြားချက်များသည် ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူးချုပ်မှ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ဇူလိုင်လကုန်ပိုင်းတွင် စီးပွားရေးအခွင့်အလမ်းများ ရှာဖွေရန် သွားရောက်မည်ဖြစ်သည်ဟု အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီးနောက်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူးချုပ် ခရီးစဉ်တွင် ကုန်သွယ်ရေး၊ တရားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍများမှ ပညာရှင်များ လိုက်ပါသွားရောက်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူးချုပ်သည် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် RCEP သို့ ဝင်ရောက်ခွင့်ရရှိရေးအတွက် အဆိုပါနိုင်ငံများ၏ ထောက်ခံချက်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့

Category: International News