International News

ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပခဲ့သည့် ရင်းနှီးမြှပ်နှံမှု Roadshow ပွဲကြောင့် ထိုင်းနှင့် ဆော်ဒီလုပ်ငန်း ရှင်များအတွက် အခွင့်အလမ်းသစ်များ ရရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ပြောကြားခဲ့

Last Updated:

ဆော်ဒီအာရေဗျနိုင်ငံတွင် ဇူလိုင်လ ၁၅ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပခဲ့သည့် ဆော်ဒီ-ထိုင်း ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကြောင့် နှစ်နိုင်ငံ လုပ်ငန်းရှင် ၁၀၀ ခန့်အတွက် အခွင့်အလမ်းသစ်များ ချိတ်ဆက် ပေးနိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က ပြောကြားခဲ့ပါသည်။

ပူးပေါင်းဆောင်ရွက်မှုကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ၎င်းတို့၏ မျှော်မှန်း ထားချက်အတိုင်း အပြည့်အဝ ရရှိနိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် နိုင်ငံ ကုန်သွယ် မှုသည် အမေရိကန်ဒေါ်လာ ၈.၈ ဘီလီယံရှိခဲ့ပြီး အရှေ့အလယ်ပိုင်းသို့ ထိုင်းနိုင်ငံ ကုန်သွယ်မှု၏ ၂၂ ရာခိုင်နှုန်း ရှိပါကြောင်း၊ ထိုင်းနှင့် ဆော်ဒီတို့သည် ၎င်းတို့၏ ဒေသတွင်း၌ စီးပွားရေးအချက်အချာ နေရာများဖြစ်ပါကြောင်း၊ ဆော်ဒီအာရေဗျနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသည် အာဆီယံသို့ ၎င်းတို့၏ လုပ်ငန်းများ ချဲ့ထွင်ရာ၌ RCEP ၏ အဖွဲ့ဝင်ဖြစ်ခြင်း၏ အကျိုးကျေးဇူးများကို အသုံးချ၍ ထိုင်းနိုင်ငံကို ရင်းနှီးမြှုပ်နှံမှု အခြေစိုက်အဖြစ် စဉ်းစားလာနိုင်ကြောင်း ဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mr. Narit Thedsteerasukdi က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံက ထောက်ခံပေးသော အဓိက စက်မှုနယ်ပယ်များမှာ လျှပ်စစ်မော်တော်ကား၊ အစား အစာထုတ်လုပ်ခြင်း၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တို့ဖြစ် ကြောင်း၊ Roadshow တွင် ထိုင်းနှင့် ဆော်ဒီ ကုမ္ပဏီများသည် စွမ်းအင်၊ အခြေခံအဆောက်အဦ၊ Engineering၊ စိုက်ပျိုးရေးနှင့် သစ်တောထိန်းသိမ်းရေး ကဏ္ဍများအတွက် နားလည်မှုစာချွန်လွှာ ၁၁ စောင် လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊  ရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာခိုင်မာပြီး အဓိက ကဏ္ဍများစွာတွင် ပူးပေါင်း ဆောင်ရွက်သွားရန် ယုံကြည်ပါကြောင်း Mr. Narit က ဖြည့်စွက်ပြောကြားခဲ့သည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News