International News

စင်ကာပူသို့ တင်ပို့ရာတွင် အစားအသောက် ဘေးကင်းရေး စည်းမျဉ်းများကို အထူးဂရုပြုလိုက်နာရန် ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ တိုက်တွန်း

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနသည် ဗီယက်နမ်ကုမ္ပဏီများအား စင်ကာပူနိုင်ငံသို့ တင်ပို့ရာတွင် အစားအသောက်ဘေးကင်းရေး စည်းမျဉ်းနှင့်ပတ်သက်သည့် နောက်ဆုံး ပေါ် လိုအပ်ချက်များ၊ အပြောင်းအလဲများကို သတိထားကြည့်ရှုရန်နှင့် လိုက်နာရန်ဆောင်ရွက်ရန် တင်းတင်းကြပ်ကြပ်တိုက်တွန်းထားသည်။

စင်ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အဆိုအရ မလေးရှားနှင့် အခြားနိုင်ငံအများအပြားမှ ကော်ဖီထွက်ကုန်များတွင် ပါဝင်သည့် တားမြစ်ပစ္စည်းဖြစ်သည့် Sibutramine ကို တွေ့ရှိခဲ့ကြောင်း မကြာသေးမီက စင်ကာပူအစားအစာအေဂျင်စီ (SFA) က ကြေညာခဲ့သည်။

ပြင်းထန်သော နှလုံးသွေးကြောနှင့် အာရုံကြောဆိုင်ရာပြဿနာများ ဖြစ်ပွားစေနိုင်သည့် စင်ကာပူတွင် ၂၀၁၀ ခုနှစ်ကတည်းက တားမြစ်ပိတ်ပင်ထားသည်။ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သောကြောင့် Sibutramine ဓါတ်ပါသည့် ထုတ်ကုန်များကို ဝယ်ယူသုံးစွဲခြင်း မပြုရန် SFA မှ အကြံပြုထားသည်။ Sibutramine ကို ဆရာဝန်မှ ညွှန်ကြားပြီး အနီးကပ်ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်တွင်သာ အသုံးပြုနိုင်ကြောင်း သိရှိရပါ သည်။

စင်ကာပူနိုင်ငံဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးသံမှူးဖြစ်သူ Cao Xuan Thang က စင်ကာပူတွင် အစားအသောက် သန့်ရှင်းမှုနှင့် ဘေးကင်းလုံခြုံရေးအတွက် လိုအပ်ချက်များမြင့်မားလျက်ရှိကြောင်း၊ ဗီယက်နမ်ကုမ္ပဏီများအနေဖြင့် စင်ကာပူဈေးကွက်သို့ တင်ပို့မှုတိုးချဲ့ရန်အတွက် စည်းမျဉ်းအပြောင်း အလဲများကို သိရှိရန်လိုအပ်ကြောင်းနှင့် လိုက်နာဆောင်ရွက်ရန်တင်းကြပ်စွာ တိုက်တွန်းပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းများတွင် အသုံးပြုရန် ခွင့်ပြုထားသော ဖြည့်စွက်ပစ္စည်းများစာရင်းကို စီးပွားရေးလုပ်ငန်းများက စင်ကာပူနိုင်ငံမှ စားသောက်ကုန်ဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ပြုစုထားရန်လိုအပ်ပါကြောင်း၊ စည်းမျဥ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိစေရန် ကိုယ်တိုင်စစ်ဆေးခြင်းကိုလည်း တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်းဖော်ပြထားပါသည်။

အကောက်ခွန်ဦးစီးဌာန၏ စာရင်းအင်းများအရ ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်တွင် စင်ကာပူနိုင်ငံသို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံနီးပါးရှိပြီး ယခင်နှစ် အလားတူကာလထက် ၂၄ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း သိရှိရပါသည်။

 

Source: https://en.baoquocte.vn/

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News