International News

တရုတ်နိုင်ငံသည် ထိုင်ဝမ်မှ စိုက်ပျိုးရေးထွက်ကုန် ၃၄ မျိုးအတွက် အခွန်ကင်းလွတ်ခွင့် ဆိုင်ငံ့

Last Updated:

ထိုင်ဝမ်မှ လတ်ဆတ်သော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် ပင်လယ်စာများ အပါအဝင် စိုက်ပျိုးရေးထွက်ကုန် ၃၄ မျိုးအပေါ် တင်သွင်းခွန် ကင်းလွတ်ခွင့် မူဝါဒကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့မှစ၍ ဆိုင်းငံ့သွားမည် ဖြစ်ကြောင်း တရုတ် နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ကော်မရှင်က ကြေညာခဲ့သည်။

အဆိုပါ စိုက်ပျိုးရေးထွက်ကုန်များအပေါ် သက်ဆိုင်ရာ သွင်းကုန်အခွန်အခများနှင့် ပတ်သက်၍ လက်ရှိ စည်းမျဉ်းများနှင့်အညီ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုင်ဝမ်ဒေသရှိ အာဏာပိုင်များအနေဖြင့် တရုတ်ပြည်မကြီး ထွက်ကုန်များ တင်ပို့မှုအပေါ် ခွဲခြား ဆက်ဆံခြင်း တားမြစ်ခြင်းနှင့် ကန့်သတ်ချက်များကို တစ်ဖက်သတ်ချမှတ်ခဲ့ပြီး ရေလက်ကြားဖြတ်ကျော် စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို ပြင်းထန်စွာ ဟန့်တားခဲ့ကြောင်း China Media Group ထုတ်ပြန်ချက်အရ သိရသည်။

အရင်းမြစ်။ https://news.cgtn.com/news/2024-09-18/Mainland-suspends-zero-tariffs-for-34-agro-products-from-Taiwan-1x0hSkrktgs/p.html

                                                                (စီးပွားရေးသံမှူး၊တရုတ်နိုင်ငံ၊ ကူမင်းမြို့)

Category: International News