International News

နည်းပညာကုမ္ပဏီကြီးများသည် ၈ လအတွင်း အခွန်ငွေ ဗီယက်နမ်ဒေါင် ၆.၂ ထရီလီယံ ပေးဆောင်

Last Updated:
နိုင်ငံခြားကုမ္ပဏီများသည် ၈ လတာ ကာလအတွင်း အခွန်ငွေ ဗီယက်နမ်ဒေါင် ၆.၂၃ ထရီလီယံကျော် ပေးဆောင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၄ ရာခိုင်နှုန်း တိုးလာကြောင်း ဗီယက်နမ်နိုင်ငံ အထွေထွေ အခွန်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
နောက်ဆုံး အစီရင်ခံစာအရ နိုင်ငံခြားကုမ္ပဏီ ၁၀၆ ခုသည် အခွန်ဦးစီးဌာန၏ အီလက် ထရွန်းနစ် ပေါ်တယ်မှတစ်ဆင့် အခွန်ကြေငြာလွှာ တင်သွင်းခဲ့ပြီး ယခင်လကထက် လုပ်ငန်း ၁၀ ခု တိုးလာကြောင်း သိရှိရပါသည်။
Meta (Facebook)၊ Google၊ Microsoft၊ TikTok၊ Netflix နှင့် Apple တို့ကဲ့သို့ ကမ္ဘာ တစ်ဝှမ်းမှ နည်းပညာကုမ္ပဏီများသည် ဗီယက်နမ်ရှိ နယ်စပ်ဖြတ်ကျော် e-commerce စျေးကွက် ၏ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း ရေးသားဖော်ပြထားပါသည်။

ယခုနှစ် ဇန်န၀ါရီမှ သြဂုတ်လအတွင်း အခွန်ဌာနသည် အခွန်စာရင်းစစ်ဆေးမှု ၃၈,၇၀၅ ကျော် ပြုလုပ်ခဲ့ပြီး ပေးဆောင်ရန် အခွန်ငွေ ဗီယက်နမ်ဒေါင် ၃၉.၈၆ ထရီလီယံရှိကြောင်း အဆိုပြုခဲ့သည်။

သြဂုတ်လကုန်တွင် ပြန်လည်ရရှိသည့် အခွန်ကြွေးမြီစုစုပေါင်းသည် ခန့်မှန်းခြေ ဗီယက်နမ် ဒေါင် ၅၃.၇၇ ထရီလီယံသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၂၉ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ဖော်ပြထားသည်။

Source: The Saigon times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News