Local News

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားတော်ပဲ ၃၁၈၅ ဧက စိုက်ပျိုးမည်

Last Updated:

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားတော်ပဲ ၃၁၈၅ ဧက စိုက်ပျိုးရန် လျာထားပြီး နိုဝင် ဘာလတွင် စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ “လာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပွင့်ဖြူမြို့နယ်အတွင်း ပဲမျိုးစုံပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန် ရည်ရွယ်ပြီး စားတော်ပဲ ၃၁၈၅ ဧက စိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း၊  စားတော်ပဲများ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးရန်၊ အထွက်နှုန်းကောင်းမွန်စေရန်၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်တွေ စိုက်ပျိုးနိုင်ရန်၊ စိုက်နည်းစနစ်တွေ မှန်ကန်ရန်နှင့် ပိုးမွှားကျရောက်မှု ကင်းဝေးစေရန်အတွက် လိုအပ်သည့်နည်းပညာများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ စားတော်ပဲသည် ပြည်တွင်းစားသုံးမှုများသည့် သီးနှံဖြစ်၍ ဈေးကွက်ရှိပြီး စိုက်ပျိုးသည့်တောင်သူတွေ အဆင်ပြေကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် စိုက်ပျိုးရေးဖူလုံမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုကြောင့် ဒေသခံတောင်သူများက နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာ၌ ပဲမျိုးစုံစိုက်ပျိုးရာတွင် စားတော်ပဲ၊ ကုလားပဲ၊ ထောပတ်ပဲ၊ မတ်ပဲ၊ ပဲကြီး၊ ပဲလွမ်း၊ ပဲကျား၊ ပဲနောက်၊ ပဲယဉ်း၊ ပဲပုပ်စသည်တို့ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News