International News

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ် ပထမရှစ်လအတွင်း ၆ ရာခိုင်နှုန်းအထိ တက်လာခဲ့

Last Updated:

တရုတ်နိုင်ငံ၏ စုစုပေါင်း ကုန်ပစ္စည်း တင်သွင်းမှုနှင့် တင်ပို့မှုသည် ၂၀၂၄ခုနှစ် ပထမ ရှစ်လအတွင်း တစ်နှစ်ထက်တစ်နှစ် ၆ ရာခိုင်နှုန်း တိုးလာကြောင်း တရားဝင်ထုတ်ပြန်သည့် အချက် အလက်များအရ ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ ပို့ကုန်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအတွင်း တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သွင်းကုန်သည် ၄ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိနေပါသည်။ အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ တရုတ်ယွမ် ၄.၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၂ ဘီလီယံ) ရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်းတိုးလာသည်။ ယင်းသည် တရုတ်နိုင်ငံ၏ စုစုပေါင်း သွင်းကုန်နှင့် ပို့ကုန်တန်ဖိုး၏ ၁၅ ဒသမ ၇ ရာခိုင်နှုန်း ရှိသည်။ ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့သည် တရုတ်နိုင်ငံ၏ ဒုတိယနှင့် တတိယအကြီးဆုံး ကုန်သွယ်ဖက်များ ဖြစ်ကြောင်း သိရသည်။

အလားတူ Belt and Road နိုင်ငံများသို့ တရုတ်နိုင်ငံ၏ သွင်းကုန်နှင့် ပို့ကုန်ပမာဏမှာ တရုတ်ယွမ် ၁၃ ဒသမ ၄၈ ထရီလီယံ ရှိသဖြင့် ၂၀၂၄ ခုနှစ် ပထမရှစ်လအတွင်း ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရသည်။

ပုဂ္ဂလိကလုပ်ငန်းများနှင့် ပြည်ပမှငွေကြေးထောက်ပံ့မှုရှိသည့် လုပ်ငန်းများ၏ သွင်းကုန်နှင့် ပို့ကုန် ပမာသည်လည်း ယခင်ထက် တိုးလာခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ပုဂ္ဂလိကလုပ်ငန်း များ၏ သွင်းကုန်နှင့် ပို့ကုန်ပမာဏသည် ယွမ်ငွေ ၁၅ ဒသမ ၇၄ ထရီလီယံထိ တိုးလာခဲ့သဖြင့် တစ်နှစ် ထက်တစ်နှစ် ၁၀ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ အလားတူ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ၏ သွင်းကုန်နှင့် ပို့ကုန် ပမာဏသည်လည်း ယွမ်ငွေ ၈ ဒသမ ၄ ထရီလီယံသို့ ရောက်ရှိခဲ့သဖြင့် တစ်နှစ်ထက် တစ်နှစ် ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရသည်။

တရုတ်နိုင်ငံ၏ ကုန်သွယ်မှု ပိုငွေသည် ၂၀၂၄ ခုနှစ် ပထမ ရှစ်လတာ ကာလအတွင်း တစ်နှစ်ထက် တစ်နှစ် ၁၁ ဒသမ ၂ ရာခိုင်နှုန်း တိုးလာခဲ့သဖြင့် အမေရိကန်ဒေါ်လာ ၆၀၈ ဒသမ ၄၉ ဘီလီယံအထိ တိုးလာခဲ့ကြောင်း တွေ့ရှိရသည်။

အရင်းမြစ်။ https://news.cgtn.com/news/2024-09-10/China-s-foreign-trade-up-6-in-first-8-months-1wMKUuhelfG/p.html

   (စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့)

 

 

Category: International News