International News

ဟောင်ကောင်ဒေသအစိုးရမှ ကုန်သွယ်မှု၊ လေကြောင်းသွားလာရေးနှင့် ဥပဒေရေးရာဝန်ဆောင်မှု များခိုင်မာစေရန် လုပ်ဆောင်သွားမည်

Last Updated:

ကမ္ဘာတစ်လွှားမှ လုပ်ငန်းကြီးများကို ဝန်ဆောင်မှုပေးနိုင်ရန်နှင့် အဆိုပါလုပ်ငန်းများ ရုံးချုပ်လာ ရောက်ဖွင့်လှစ်မှု လွယ်ကူချောမွေ့စေရန်အတွက် ဟောင်ကောင်ဒေသအစိုးရအနေဖြင့် ကုန်သွယ်မှု၊ လေကြောင်းသွားလာရေးနှင့် ဥပဒေရေးရာဝန်ဆောင်မှုများ ခိုင်မာစေရန် လုပ်ဆောင်သွားရန် စီစဉ်ထားသည်ဟု ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးချုပ်က မူဝါဒဆိုင်ရာမိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့ကြောင်း Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ အောက်တို ဘာလ ၁၈ ရက်နေ့တွင် “2024 Policy Address: Gov’t to strengthen trade, aviation and legal services” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဒေသအစိုးရအနေဖြင့် tokenised electronic bills စမ်းသပ်၍ electronic trade financing မြှင့်တင်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့ (HKMA) အနေဖြင့် အခြားနိုင်ငံ/ ဒေသများနှင့် ပူးပေါင်း၍ ကုန်သွယ်မှုသတင်းအချက်အလက် ပေးပို့ခြင်း၊ နယ်စပ်ဖြတ်ကျော် သတင်းအချက်အလက် လွှဲပြောင်းခြင်းနှင့်   နိုင်ငံတကာကုန်သွယ်မှုများကို ဒစ်ဂျစ်တယ်စနစ် အသွင်ကူးပြောင်းခြင်းများအတွက် ယန္တရားတစ်ခု တည်ထောင်သွားရန် ရှေ့ပြေးစမ်းသပ်ချက်အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ လာမည့်နှစ်တွင် မြေယာမှတ်ပုံတင် သည့်စနစ်တွင် ကူးသန်းရောင်းဝယ်မှု အချက်အလက် အပြန်အလှန်လဲလှယ်မှုနှင့် ချိတ်ဆက် နိုင်ရန် HKMA က မျှော်မှန်းထားသည်ဟု အုပ်ချုပ်ရေးမှူးချုပ်က ပြောကြားခဲ့ကြောင်း ရေးသား ဖော်ပြထားပါသည်။

တရုတ်ပြည်မနှင့် ဝန်ဆောင်မှုကုန်သွယ်ရေး ဖွင့်လှစ်ခြင်းဖြင့် ဟောင်ကောင်ဒေသအနေဖြင့် ရပ်ဝန်း နှင့်လမ်းကြောင်းတစ်လျှောက်မှ နိုင်ငံများနှင့် စီးပွားရေးနှင့် ကုန်သွယ်မှု ကွန်ရက်များ ဆက်လက်ချဲ့ထွင် သွားမည်ဖြစ်ကြောင်း၊ လေကြောင်းသွားလာမှုတွင် Three-Runway System ကို အပြည့်အဝ အသုံးချပြီး ဟောင်ကောင်လေဆိပ်အာဏာပိုင်အဖွဲ့အနေဖြင့် လေဆိပ်မြို့ အတိုင်း အတာအထိ ချဲ့ထွင်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် Dongguan  ဒေသနှင့် ပူးပေါင်း၍ ရေကြောင်းနှင့်လေကြောင်း လမ်းကြောင်းနှစ်ခုမှ ကုန်စည်များ ကူးပြောင်းသယ် ဆောင်မှု နည်းလမ်း တိုးတက်လာခြင်းဖြင့် မဟာပင်လယ်ကွေ့ဒေသ၏ ကုန်စည်သယ်ယူ ပို့ဆောင် နိုင်မှုစွမ်းရည် တိုးမြှင့်သွားနိုင်ရေးအတွက်လည်း အလေးထားပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့၊၊

 

Category: International News