International News

တရုတ်နိုင်ငံ၏ အလုပ်အကိုင်ဈေးကွက်သည် ၂၀၂၄ ခုနှစ် ပထမ သုံးလပတ်တွင် တည်ငြိမ်လျက်ရှိ

Last Updated:

လေ့လာမှုများအရ တရုတ်နိုင်ငံ၏ မြို့ပြအလုပ်လက်မဲ့နှုန်းသည် တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာ သည်။ တရုတ်နိုင်ငံ၏ အလုပ်အကိုင်ဈေးကွက်သည် ၂၀၂၄ ခုနှစ် ပထမ သုံးလပတ်အတွင်း ယေဘုယျ အားဖြင့် တည်ငြိမ်နေခဲ့ကြောင်း တရားဝင်အချက်အလက်များက ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ စစ်တမ်းကောက်ယူခဲ့သည့် မြို့ပြအလုပ်လက်မဲ့နှုန်းသည် ပထမသုံးလပတ်တွင် ၅ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ် အလားတူကာလ ထက် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ တွင် စစ်တမ်းကောက်ယူခဲ့သော နိုင်ငံအတွင်း မြို့ပြအလုပ်လက်မဲ့ နှုန်းသည် ၅ ဒသမ ၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီး ယခင်လထက် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် တရုတ်အာဏာပိုင်များအနေဖြင့် အလုပ်အကိုင်များ (အထူးသဖြင့် ကောလိပ်ဘွဲ့ရ များ၏ အလုပ်အကိုင်များ) တည်ငြိမ်စေရန် ကြိုးပမ်းမှုများ အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြောင်း၊ အားလုံး သော အလုပ်အကိုင်များသည် ဖိအားအချို့နှင့် ရင်ဆိုင်နေရသော်လည်း အလုပ်အကိုင်ဈေးကွက်မှာ တည်ငြိမ်နေဆဲဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးတိုးတက်မှု၊ တိုးချဲ့ဝန်ဆောင်မှုကဏ္ဍနှင့် လူဦးရေဆိုင်ရာ ပြောင်းလဲမှုများသည် ပံ့ပိုးပေးသည့် အကြောင်းအရင်းများ ဖြစ်ကြောင်း NBS ၏ လက်ထောက်အကြီး အကဲ Sheng Laiyun က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ တည်ငြိမ်သော စီးပွားရေးတိုးတက်မှုကို မောင်းနှင်ရန်နှင့် အရည်အသွေးမြင့်မား သော အလုပ်အကိုင်အခွင့်အလမ်းများ (high-quality full employment) မြှင့်တင်မည့် အလုပ်အကိုင် နေရာများ ပိုမိုဖန်တီးပေးရန်အတွက် ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများ (Structural problems) ကျန်ရှိနေ သေးကြောင်း Sheng ၏ ပြောကြားချက်အရ သိရှိရသည်။

အရင်းမြစ်။ http://en.people.cn/n3/2024/1018/c90000-20231302.html

စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News