International News

ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ၉ လ အတွင်း ၂၃.၅ ရာခိုင်နှုန်း တိုးတက်ခဲ့

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၄.၃၇ ဘီလီယံ တန်ဖိုးရှိ ဆန်တန်ချိန် ၇ သန်း ကျော် တင်ပို့ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ .

ပြည်ပပို့ကုန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၄ ရှိပြီး ၁၃.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဝန်ကြီးဌာ၏ ပြောကြားချက်အရ သိရှိရပါသည်။ မကြာသေးမီက အိန္ဒိယ အစိုးရသည် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှု တားမြစ်ချက်ကို ရုတ်သိမ်းခဲ့ပြီး တစ်နှစ် ကျော်ကြာ ပိတ်ပင်ထားမှုကို အဆုံးသတ်ခဲ့သည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယ၀န်ကြီး Phung Duc Tien ၏ ပြောကြားချက်အရ ဆန်စပါးတန်ဖိုးကွင်းဆက်တွင် ကောင်းမွန်သောဖွဲ့စည်းပုံဂေဟစနစ်ရှိပြီး စျေးကွက်နှင့် နီးကပ်စွာချိတ်ဆက်ထားသည့်အတွက် အိန္ဒိယ၏ဆုံးဖြတ်ချက်သည် ဗီယက်နမ် နိုင်ငံအတွက် သိသိသာသာ သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သိရှိရပါသည်။

အိန္ဒိယ၏ ဆုံးဖြတ်ချက်သည် ဈေးကွက်အတွင်းရှိ ဆန်မျိုးကွဲများ၏ ဈေးနှုန်းများကို ကျဆင်းစေမည်ဟု ဗီယက်နမ်ဆန်တင်ပို့သူများက ပြောကြားခဲ့သည်။ သို့သော်လည်း ပြည်တွင်း ဆန်တင်ပို့မှု အကန့်အသတ်ကြောင့် ဗီယက်နမ်ဆန်ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၀၀ အောက်သို့ ကျဆင်းဖွယ်မရှိကြောင်း သိရှိရပါသည်။

မကြာသေးမီက ဗီယက်နမ်သည် အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ၆၀,၀၀၀ နီးပါး တင်သွင်းရန် လေလံအောင်မြင်ခဲ့ပြီး ယခင်ပေါက်ဈေးထက် ၃၂ ဒေါ်လာလျော့နည်းကာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၄၈ ရရှိခဲ့ကြောင်း သိရှိရပါသည်။ လေလံဈေးကျဆင်းနေသော်လည်း ဖိလစ်ပိုင်နှင့် မလေးရှားကဲ့သို့သော အဓိကဈေးကွက်များမှ ဝယ်လိုအားမှာ မြင့်မားနေဆဲ ဖြစ်ကြောင်း၊ ဗီယက်နမ်ဆန်သည် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်မှု အနေအထားကို ထိန်းသိမ်း ထားကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

Co May Company ၏ လက်ထောက်အထွေထွေဒါရိုက်တာဖြစ်သူ Dinh Ngoc Tam ၏ ပြောကြားချက်အရ ST25 ဆန်ဈေးသည် ကျဆင်းဖွယ်မရှိနိုင်ကြောင်းနှင့် ဈေးကွက်အတွင်း ဆန် ပြတ်တောက်မှု အခြေအနေများကြောင့် ဈေးနှုန်းတိုးလာနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြ ထားပါသည်။

Source: Vietnam News Agency

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

Category: International News