International News

အင်ဒိုနီးရှားနိုင်ငံဿည် ဗီယက်နမ်ဆန်ကို ပိုမိုတင်သွင်းသွားမည်

Last Updated:

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် စက်တင်ဘာလတွင် နိုင်ငံတကာတင်ပို့ရောင်းချသူများထံမှ ဆန်တန်ချိန် ၄၅၀,၀၀၀ ဝယ်ယူရန်အတွက် တင်ဒါခေါ်ယူခဲ့ကြောင်းသိရှိရပါသည်။

ဝယ်ယူလိုသည့် ဆန်အမျိုးအစားမှာ ဆန်ကွဲ အများဆုံး ၅ % သာပါဝင်သည့် ဆန်ဖြူ အမျိုးအစားဖြစ်ပြီး ၂၀၂၄ သီးနှံနှစ်တွင် ထွက်ရှိသည့် ဆန်ဖြစ်ရန်လိုအပ်ကြောင်း၊ တင်ပို့နိုင်သည့် နိုင်ငံများအနေဖြင့် ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် ပါကစ္စတန်တို့ပါဝင်ပြီး တင်ပို့မှုကို အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း ဖော်ပြပါရှိသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ဆန်တန်ချိန် ၃၂၀,၀၀၀ ကို တင်ဒါခေါ်ယူခဲ့ပြီး လေလံဆွဲသည့် ၁၂ ခုအနက် ၇ ခုကို ဗီယက်နမ်မှ ရရှိခဲ့ပြီး ဆန်တန်ချိန် စုစုပေါင်းပမာဏ ၁၈၅,၀၀၀ တန်ကို တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် အင်ဒိုနီးရှားသည် ဆန်တန်ချိန် ၇၀၉,၀၀၀ နီးပါး တင်သွင်း ခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ ဒုတိယအကြီးဆုံးဆန်တင်သွင်းသူဖြစ်လာသည်။ ဗီယက်နမ် အကောက်ခွန် ဦးစီးဌာန၏ အဆိုအရ ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း ဗီယက်နမ်သည် အမေရိကန်နိုင်ငံသို့ ဆန်တန်ချိန် ၆ သန်းကျော် စုစုပေါင်းတင်ပို့မှုတန်ဖိုး ၃.၈၅ ဘီလီယံနီးပါးရှိပြီး ယခင်နှစ်ထက် ပမာဏအားဖြင့် ၅.၈ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၁.၇ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြ ထားသည်။

Source : The Saigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News