International News

ဗီယက်နမ်နိုင်ငံသည် ရာဂိတိုင်ဖွန်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ အတွက် အခွန်ပေးဆောင်ရန်ရက် ရွှေ့ဆိုင်းခွင့်ပြု

Last Updated:

ဗီယက်နမ်နိုင်ငံ အထွေထွေအခွန်ဦးစီးဌာနသည် ရာဂိတိုင်ဖွန်းမုန်တိုင်းကြောင့် အကျိုးသက် ရောက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် အခွန်ဆိုင်ရာ သက် သာခွင့်ကို ကြေညာခဲ့ကြောင်း  The Saigon Times အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါ သည်။

မုန်တိုင်းကြောင့်ထိခိုက်နစ်နာသော အခွန်ထမ်းများအနေဖြင့် အခွန်ပေးဆောင်ရမည့်ရက်ကို မူလသတ်မှတ်ရက်မှ နှစ်နှစ် အထိ ရွှေ့ဆိုင်းနိုင်ကြောင်း ဖော်ပြပါရှိပါသည်။

အင်အားကြီးမားသည့် သဘာဝဘေးအန္တရာယ်များကြောင့် နောက်ကျပေးဆောင်မှုများ အတွက် နောက်ကျကြေးများ လျှော့ပေါ့ပေးမည်ဖြစ်သကဲ့သို့ အခွန်ထမ်းသည် မုန်တိုင်းကြောင့် ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်သည်ဟု သက်သေပြနိုင်ပါက စီမံအုပ်ချုပ်မှုဆိုင်ရာ မလိုက်နာမှုများအတွက် ဒဏ်ကြေးများကိုလည်း လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ရသည့် ပြည်နယ်များနှင့် မြို့ကြီးများတွင် အခွန် အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ သို့ဖြစ်ရာ အခွန်ထမ်းများသည် ပိုင်ဆိုင်မှုများ (သို့မဟုတ်) ကုန်ပစ္စည်းများ ဆုံးရှုံးခြင်းနှင့်ပတ်သက်၍ စာရွက်စာတမ်းများကို တင်ပြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ စီးပွားရေး လုပ်ငန်းများအနေဖြင့် ထုတ်လုပ်မှုတွင်အသုံးပြုသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် အာမခံနှင့်အကျုံးမဝင်ပဲရှိစေကာမူ တန်ဖိုးဖြည့်ခွန်(VAT) အပြည့်အဝနှုတ်ယူ ပေးသွင်းခွင့်ရရှိမည် ဖြစ် သည်။

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသည့် ကုမ္ပဏီများသည် အာမခံ သို့မဟုတ် အခြားနည်းလမ်းများဖြင့် ပြန်လည်ရရှိခြင်း မရှိပါက ပျက်စီးဆုံးရှုံးသည့် ကုန်ကျစရိတ်များ အတွက် ကော်ပိုရိတ်ဝင်ငွေခွန်(CIT)နုတ်ယူပေးဆောင်ရန် တောင်းဆိုနိုင်ပါကြောင်း၊ အခွန်နုတ်ယူ ပေးဆောင်ရန် စုစုပေါင်းပမာဏသည် နှစ်စဉ်အခွန်ဆောင်ပေးဆောင်မှု၏ ၃၀ % သာရှိမည် ဖြစ် ကြောင်း သိရှိရပါသည်။

မုန်တိုင်းဒဏ်ခံရသော အိမ်ထောင်စုများနှင့် တစ်ဦးချင်းပုဂ္ဂိုလ်များအနေဖြင့်  ဒေသဆိုင်ရာ အခွန်အာဏာပိုင်များထံ အခွန်လျှော့ပေါ့ပေးရန် လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်လွှာများကို ရက်ပေါင်း ၃၀ မှ ၄၀ အတွင်း ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Source : The S‌aigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News