International News

၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ရာဘာတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်း

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ဇူလိုင်လ ပျမ်းမျှရာဘာတင်ပို့မှု စျေးနှုန်းသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၆၅၅ သို့ရောက်ရှိခဲ့သည်။ ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာန၏ အဆိုအရ ယခုနှစ် ပထမ ခုနစ်လအတွင်း ရာဘာ တန်ချိန် ၉၁၂,၇၂၅ တန် တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ရရှိခဲ့ကြောင်း သိရှိရပါသည်။

ကိန်းဂဏန်းများအရ တစ်နှစ်ထက်တစ်နှစ် ပမာဏ ၇.၅ ရာခိုင်နှုန်း လျော့ကျသွားပြီး တန်ဖိုးမှာ ၅.၉ ရာခိုင်နှုန်း တိုးလာကြောင်း တွေ့ရှိရပါသည်။

ဇူလိုင်လတစ်လတည်းတွင် ရာဘာတန်ချိန် ၁၈,၆၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၀၇.၉ သန်းဖိုးရရှိခဲ့သည်။ ပျမ်းမျှပို့ကုန်စျေးနှုန်းသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း စံချိန်တင်မြင့်မားခဲ့ပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၆၅၅ ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၆.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

၇ လတာကာလအတွင်း ပျမ်းမျှပို့ကုန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၅၅၁ ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တရုတ်နိုင်ငံသည် ဇန်နဝါရီမှ ဇူလိုင်လအတွင်း ဗီယက်နမ် ရာဘာတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ပြီး စုစုပေါင်း တန်ချိန် ၆၁၇,၀၃၃ တင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၂၄.၆၃ သန်း ရရှိ ခဲ့သည်။

အခြားအဓိကစျေးကွက်များမှာ အိန္ဒိယ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ရုရှား၊ ထိုင်ဝမ် (တရုတ်)၊ တူရကီ၊ ဘယ်လ်ဂျီယံ၊ သီရိလင်္ကာနှင့် မလေးရှားတို့ဖြစ်ပြီး ဗီယက်နမ်ရာဘာအသင်းအနေဖြင့် ၂၀၂၄ ခုနှစ်၏ စုစုပေါင်းရာဘာတင်ပို့မှုမှ ၀င်ငွေသည် အမေရိကန်ဒေါ်လာ ၃-၃.၂ ဘီလီယံအထိ ရှိလာနိုင်သည်ဟု ခန့်မှန်းထားသည်။

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News