International News

မလေးရှားနိုင်ငံတွင် ဒါနန်းခရီးသွားလုပ်ငန်းအား မိတ်ဆက်သွားမည်

Last Updated:

ဒါနန်းခရီးသွားလာရေးဦးစီးဌာနသည် ဒေသတွင်းခရီးသွားလာခြင်း လုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဒါနန်းခရီးသွားလုပ်ငန်း ၁၀ ခု အတူ မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ဩဂုတ်လ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြပွဲသို့သွားရောက်မည်ဖြစ်ပြီး ဒါနန်းမြို့နှင့် အလယ်ပိုင်းဒေသတွင်းရှိ ခရီးသွားလုပ်ငန်းများမှ ဝင်ရောက်ပြသသွားမည်ဖြစ်သည်။ ဖော်ပြချက် အရ Sun Group, Vinpearl, Vietnam Travelmart JSC, Viet Pilgrim Company Limited, Hoiana Resort & Golf, Visit Indochina, Wyndham Danang Golden Bay, Viet Pilgrim, Asian Companion Travel, Da Nang Dreamtrip, and Peony Edu Travel တို့ ပါဝင်ကြောင်းသိရှိရပါသည်။

အဆိုပါပြပွဲတွင် ဆွဲဆောင်မှုရှိသော ခရီးသွားလုပ်ငန်းများနှင့် မလေးရှားခရီးသွားကုမ္ပဏီ ၁၀၀ နီးပါးနှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။ဒါနန်းခရီးသွားလုပ်ငန်းကို မလေးရှားဈေးကွက် အတွင်း မြှင့်တင်ရန် နှင့် ပြည်တွင်းခရီးသွားလုပ်ငန်းများအတွက် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များ ရှာဖွေရန် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ကြောင်း‌ ဖော်ပြထားပါသည်။

မလေးရှားလေကြောင်းလိုင်းသည် ကွာလာလမ်ပူ ဒါနန်းလေကြောင်း ခရီးစဉ်ကိုစက်တင်ဘာ ၂၄ ရက်မှ စတင်၍ တစ်ပတ်လျှင် ၇ ကြိမ် ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး လေကြောင်း လိုင်း ၃ ခုအထိ ပြေးဆွဲပေးမည်ဖြစ်ရာ ပျံသန်းမှုအကြိမ်ရေ ၂၈ ကြိမ်ခန့်ဖြစ်လာမည်ဖြစ်သည်။

အစီရင်ခံစာများအရ မလေးရှားသည် အလယ်ပိုင်းမြို့၏ ထိပ်တန်းနိုင်ငံတကာ ခရီးသွား စျေးကွက် ၁၀ ခုတွင် ပါဝင်ကြောင်း၊ ယခုနှစ် ပထမ ၇ လအတွင်း အလယ်ပိုင်းမြို့သည် မလေးရှားခရီးသွား ၇၅,၀၆၇ ဦးကို ကြိုဆိုခဲ့ကြောင်း၊ ၎င်းအရေအတွက်သည် ၂၀၁၉ ခုနှစ် တစ်နှစ်ပတ်လုံး ခရီးသွားဝင်ရောက်မှု အဆင့်သို့ ရောက်လုနီးပါးရှိကြောင်း ဖော်ပြထားသည်။

Source: VOV

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News