International News

တရုတ်နိုင်ငံသည် ကမ္ဘာ့ကော်ဖီလုပ်ငန်းတွင် ထွန်းသစ်စကြယ်တစ်ပွင့်ဖြစ်လာ

Last Updated:

တရုတ်နိုင်ငံ၏ ကော်ဖီလုပ်ငန်းသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သိသာထင်ရှားသော တိုးတက်မှုများရရှိခဲ့ပြီး နိုင်ငံတကာကော်ဖီဈေးကွက်တွင် အလားအလာကောင်းသောနိုင်ငံဖြစ် လာကြောင်း သိရှိရပါသည်။

နိုင်ငံတကာကော်ဖီအဖွဲ့၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ကော်ဖီဝယ်လိုအားသည် တစ်နှစ်ထက်တစ်နှစ် (၁၅) ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံ၌ ကော်ဖီဆိုင်အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် (၅၈)ရာခိုင်နှုန်းတိုးလာပြီး ၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံကို ကျော်တက်၍ ကမ္ဘာပေါ်တွင် နာမည်ကြီးအမှတ်တံဆိပ် ကော်ဖီဆိုင် အများဆုံးရှိသည့်နိုင်ငံဖြစ်လာကြောင်း Allegra World Coffee Portal ၏ အချက် အလက်အရ သိရှိရပါသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ယူနန်စိုက်ပျိုးရေးတက္ကသိုလ်၏ ဒုတိယဥက္ကဋ္ဌ လီဟောင်က တရုတ်ကော်ဖီလုပ်ငန်းသည် ပြည်တွင်းရှိ ကော်ဖီလုပ်ငန်းကွင်းဆက် အားလုံးနှင့် ချိတ်ဆက်ထားကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံသည် ပြည်ပမှ အရည်အသွေးမြင့်ကော်ဖီမျိုးကွဲများနှင့်ပေါင်းစပ်၍ ပိုမိုကောင်း မွန်သော ပြည်တွင်းကော်ဖီမျိုးများကို ထုတ်လုပ်လျက်ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် တရုတ် နိုင်ငံသည် ကော်ဖီစိုက်ခင်းများတွင် ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို အသုံးပြုပြီး ကော်ဖီ အထွက်နှုန်းနှင့် အရည်အသွေးကို မြှင့်တင်လျက်ရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ကော်ဖီပြုပြင်ထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့် ကာဗွန် ထုတ်လွှတ်နည်းသော နည်းပညာများကို အသုံးပြုမှုမြှင့်တင်ရန် ဆောင်ရွက်လျက်ရှိပြီး ကော်ဖီပြုပြင်ထုတ်လုပ်ခြင်း၏ အစောပိုင်းအဆင့်များတွင် လေထုညစ်ညမ်းမှုကို လျော့ချနိုင်ရန် ကြိုး ပမ်းလျက်ရှိကြောင်း၊ ဥပမာအားဖြင့် Yunnan Agricultural University သည် ရေမလိုဘဲ ကော်ဖီစေ့အခွံကို ဖယ်ရှားခြင်းနှင့် micro-water degumming ပါဝင်သော အလိုအလျောက် ထုတ်လုပ်မှုလိုင်းကို တီထွင်ခဲ့ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရေသုံးစွဲမှု လျှော့ချနိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ယူနန်ပြည်နယ်၊ Baoshan မြို့ရှိ Xinzhai ရွာသည် ကော်ဖီခြံများ၊ ကျေးရွာကော်မတီများ၊ သက်ဆိုင်ရာသုတေသနအဖွဲ့အစည်းများ၊ သမဝါယမအသင်းများနှင့် လယ်သမားများ ပူးပေါင်း ဆောင်ရွက်သည့် "ကော်ဖီမြေ+" ပုံစံကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ၎င်းသည် ကော်ဖီ စိုက်ပျိုးသူများအား နည်းပညာအသစ်များ ဖြန့်ဝေပေးခြင်း၊ သုတေသနရလဒ်အသစ်များကို စီးပွား ဖြစ်ထုတ်လုပ်ခြင်းနှင့် စားသုံးသူများအား “ကော်ဖီစေ့မှ ကော်ဖီခွက်အဖြစ်” တစ်နေရာတည်းတွင် ရနိုင်သည့် ကော်ဖီယဉ်ကျေးမှု၏ အတွေ့အကြုံသစ်ကို ရရှိခံစားနိုင်စေရန် ဆောင်ရွက်လျက် ရှိကြောင်း၊ ဤပုံစံသည် ကော်ဖီစိုက်ပျိုးသူများအတွက် ဝင်ငွေတိုးစေရုံသာမက ကျေးလက်လုပ်ငန်းများကိုပါ အထောက်အကူပြုကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ကော်ဖီလုပ်ငန်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ကြီးမားသော ပြည်တွင်းစျေးကွက်ကြောင့်ဖြစ်ကြောင်း၊ တရုတ်လူငယ်များ၏ ကြိုက်နှစ်သက်မှု ပြောင်းလဲ လာခြင်းနှင့် သောက်သုံးနိုင်စွမ်းနှင့် ကော်ဖီထုတ်ကုန်အသစ်များ အဆက်မပြတ် ထွက်ရှိခြင်း တို့သည် စျေးကွက်အခွင့်အလမ်းသစ်များကို ဖန်တီးပေးလျက်ရှိကြောင်း သိရှိရပါသည်။

ထို့အပြင် တရုတ်နိုင်ငံသည် ကော်ဖီနှင့်ပတ်သက်သည့် နည်းပညာများတွင် ဆန်းသစ်တီထွင်နိုင်စွမ်းကို စဉ်ဆက်မပြတ် အားပေးမြှင့်တင်လျက်ရှိကြောင်း၊ ကော်ဖီမျိုးအသစ်များ စမ်းသပ်မှု၊ ကော်ဖီစေ့ထုတ်လုပ်မှုနှင့် ထုတ်ကုန်ဆန်းသစ်တီထွင်မှုတို့တွင် အရှိန်အဟုန်ဖြင့် တိုးတက်လာ ပြီး တရုတ်ကော်ဖီလုပ်ငန်း တိုးတက်မှုအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။ ကော်ဖီလုပ်ငန်းများသည် ဖြန့်ဖြူးရောင်းချမှု လမ်းကြောင်း များကို တိုးချဲ့ရန်အတွက် အကြံဉာဏ်သစ်များဖော်ထုတ်ပြီး ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုများကို မြှင့်တင်ပေးနေကြောင်း သိရှိရပါသည်။

ကော်ဖီနှင့်ပတ်သက်သော အဖွဲ့အစည်းများနှင့် ကမ္ဘာတစ်ဝန်းရှိ နာမည်ကြီးလုပ်ငန်းကြီး များသည် တရုတ်ဈေးကွက်၏ အလားအလာအပေါ် အကောင်းမြင်ကြပြီး ပုံစံအမျိုးမျိုးဖြင့် ပေါ်ပေါက်လာသော ကော်ဖီဆိုင်များ၊ အမှတ်တံဆိပ်နှင့် ထုတ်ကုန်အသစ်များ မိတ်ဆက်ခြင်း သည် တရုတ်နိုင်ငံတွင် ကော်ဖီသောက်သုံးသည့် ယဉ်ကျေးမှုကိုမြှင့်တင်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

နိုင်ငံတကာကုန်သွယ်မှုများ ပိုမိုအဆင်ပြေချောမွေ့လာပြီး ကော်ဖီစေ့ကုန်ကြမ်း အမြောက် အမြားကို လမ်းကြောင်းအမျိုးမျိုးမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်းလာခြင်းကလည်း ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသည့်အထောက်အပံ့စေကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံရှိ ကော်ဖီစိုက်ပျိုးသော ဒေသများသည် သဘာဝအရ အကျိုးကျေးဇူးများ ရရှိကြကြောင်း၊ အထူးသဖြင့် ယူနန်ပြည်နယ်သည် နိုင်ငံ၏ ကော်ဖီစိုက်ပျိုးဧရိယာ၏ (၉၈)ရာခိုင် နှုန်းကျော်ရှိပြီး ကော်ဖီအထွက်နှုန်း၏ (၉၈)ရာခိုင်နှုန်းကျော်ရှိကြောင်း ၂၀၂၃ ခုနှစ်ထုတ် ယူနန် ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် အစီရင်ခံစာအရ သိရသည်။

သို့သော်လည်း တရုတ်ကော်ဖီလုပ်ငန်းသည် နိုင်ငံရပ်ခြားရှိ ကော်ဖီဆိုင်များနှင့် နှိုင်းယှဉ်ပါ က ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတားအဆီးများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ ဥပမာအားဖြင့် ကော်ဖီမျိုးကွဲအများစုကို တင်သွင်းနေရဆဲဖြစ်ပြီး တရုတ်နိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြုပြင်ထုတ်လုပ်သည့်နည်းပညာများသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကွာဟချက်တစ်ခု ရှိနေသေးကြောင်း၊ ထို့အပြင် တရုတ်ကော်ဖီလုပ်ငန်း၏ အမှတ်တံဆိပ်နှင့် စျေးကွက်ချဲ့ထွင်မှု စွမ်းရည်ကိုလည်း မြှင့်တင်ရန်လိုအပ်နေသေးကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ကော်ဖီဈေးကွက်တွင် ထုတ်ကုန်များကို ဒေသကြိုက်အရသာ ပြင်ဆင်ခြင်း၊ ဆန်းသစ်သော အရသာပေါင်းစပ်ဖန်တီးမှုများနှင့် တရုတ်စတိုင်လ်ဆန်းသစ်တီထွင်မှုများကို မိတ်ဆက်ခြင်းဖြင့် ကြီးမားသော အလားအလာများရှိလာကြောင်း ကျွမ်းကျင်သူက ပြောကြားခဲ့ သည်။

အနာဂတ်တွင် တရုတ်နိုင်ငံ၏ ကော်ဖီလုပ်ငန်းသည် စားသုံးသူများ၏ လိုအပ်ချက်များကို ပိုမိုအလေးပေးကာ တန်ဖိုးကွင်းဆက်တစ်လျှောက်ရှိ အစိတ်အပိုင်းအားလုံးကို ပေါင်းစပ်သင့် ကြောင်း၊ စျေးကွက်တစ်ခုလုံးကို ချဲ့ထွင်ခြင်းဖြင့် ကော်ဖီလုပ်ငန်းစုသည် တဖြည်းဖြည်း အရည် အသွေး မြင့်မားပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်ကြောင်း သိရှိရပါသည်။

Source: en.people.cn/n3/2024/0822/c90000-20209202.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News