International News

ဗီယက်နမ်သည် အာဂျင်တီးနားစီးပွားရေးလုပ်ငန်းများအတွက် အလားအလာရှိသော ဈေးကွက်အဖြစ်ရပ်တည်နေ

Last Updated:

အာရှနှင့် ပစိဖိတ်အတွက် အာဂျင်တီနားကုန်သည်များအသင်း (ACCAP)၏ ဥက္ကဌဖြစ်သူ Rallys Pliauzer က နယ်ပယ်စုံတွင် အာဂျင်တီးနားနှင့် ဗီယက်နမ်အကြားဆက်ဆံရေးသည် စဉ်ဆက်ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး အထူးသဖြင့် ကုန်သွယ်ရေးတွင် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်ရေး အလားအလာသည် ဆက်လက်အားကောင်းနေကြောင်း ပြောကြားခဲ့ပါသည်။ Pliavzer သည် အဆိုပါစကားကို ဩဂုတ်လ ၁၄ ရက်နေ့က ၎င်း၏ အေဂျင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုနှင့် ကုန်သွယ်ရေး ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်မှုအလားအလာအတွက် ဆွေးနွေးပွဲတွင် အခိုင်အမာပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုအချိန်တွင် ACCAP ၏ စီနီယာအကြံပေးဖြစ်သူ Mario Schuffm လတ်တလောနှစ်များအတွင်း ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုများအတွက် ချီးမွမ်း ပြောကြားခဲ့ပြီး ကုန်သွယ်မှုမြှင့်တင်ရန်အတွက် နှစ်နိုင်ငံလုံးမှ စီးပွားရေးလုပ်ငန်းများ အားထုတ်မှုကြောင့် လွန်ခဲ့သည့်နှစ်တွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယမှုမှာ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ ကျော်ရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် အာဂျင်တီးနား စီးပွားရေးလုပ်ငန်းများသည် ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုဈေးကွက်တွင် အလွန်စိတ်ဝင်စားနေကြောင်း သိရပါသည်။ ထိုအချိန်တွင် အာဂျင်တီးနားနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Ngo Minh Nguyet က လတ်တလော ဆယ်စုနှစ်များတွင် ဗီယက်နမ်၏ လူမှုစီးပွားအောင်မြင်မှုအပေါ် နောက်ဆုံးအခြေအေနေများနှင့် အထူးသဖြင့် ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးသည် ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (GDP) ကြီးထွားမှုနှုန်း ၅.၀၅% ဖြင့် တစ်ကမ္ဘာလုံးတွင် အဆင့် ၃၄ နေရာတွင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်၏ ပထမသုံးလပတ်တာကာလတွင် GDP ကြီးထွားနှုန်း ၅.၆၆% ရှိခဲ့သည့်အတွက် ယခုနှစ် ပထမနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံ၏ GDP သည် ခန့်မှန်း ၄၂% ထိ တိုးချဲ့နိုင်ခဲ့ကြောင်း သိရပါသည်။ သံအမတ်ကြီး၏ အဆိုအရ ဗီယက်နမ်နိုင်ငံသည် ပြည်ပရင်းနှီးမြှပ်နှံသူများအတွက် ဦးစားပေး နေရာတစ်ခုအဖြစ်ရှိနေပြီး ယခုနှစ်၏ ပထမနှစ်ဝက်တွင် ပြည်ပတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု (FDI) ပမာဏ အမေရိကန်ဒေါ်လာ ၁၅.၂ ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၃.၁% မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ ရလဒ်သည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက် ပြောင်းလဲမှု၏ မောင်းနှင်အားကြောင့် နိုင်ငံ၏ ကြီးထွားမှုအလားအလာနှင့် ဗီယက်နမ်နိုင်ငံတွင် ရရှိမည့်အခွင့်အရေးများအပေါ် ရင်းနှီးမြှပ်နှံသူများက ယုံကြည်မှုကို ပြသနေကြောင်း သိရပါသည်။ သံအမတ်ကြီးက ဗီယက်နမ်နိုင်ငံသည် ပြည်ပစီးပွားရေးလုပ်ငန်းများအတွက် တံခါးဖွင့်ထားကြောင့်နှင့် ဗီယက်နမ်အစိုးရသည်လည်း စီးပွားရေးကြီးထွားမှုကိုမြှင့်တင်ရန် အတားအဆီးများနှင့် အခက်အခဲများကို ဖြေရှင်းခြင်းနှင့် အဖွဲ့အစည်း ဖွဲ့စည်းမှုကို ပြည့်စုံစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၏ ပထမ ၆လတွင် ဗီယက်နမ်နိုင်ငံ၏ အပြန်အလှန် တင်သွင်းမှု တင်ပို့မှုပမာဏမှာ အမေရိကန်‌ဒေါ်လာ ၃၆၈.၅ ဘီလီယံရှိခဲ့ပြီး ကုန်သွယ်ရေးပိုငွေ ၁၁.၆၃ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။

Source: Vietnam Plus

Source: https://www.doca.gov.mm

Category: International News