International News

ဗီယက်နမ်နိုင်ငံသည် သြဂုတ် ၁၅ ရက်အထိ ကားအစီးရေ ၉၇,၇ဝဝ ကျော် တင်သွင်း

Last Updated:

ဗီယက်နမ်နိုင်ငံသည် သြဂုတ်လ ၁၅ ရက်နေ့အထိ အပြီးအစီး တပ်ဆင်ပြီးဖြစ်သော (CBU) ကား ၉၇,၇၆၇ စီး တင်သွင်းခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရှိကြောင်း ဗီယက်နမ် အထွေထွေစာရင်းအင်းရုံး၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

အဆိုပါ ကိန်းဂဏန်းများသည် တစ်နှစ်ထက်တစ်နှစ် ပမာဏအားဖြင့် ၁၆.၂ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၁.၆ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း ဖော်ပြထားသည်။

ဩဂုတ်လ ပထမနှစ်ဝက်တွင် ကားအစီးရေ ၆,၁၉၅ စီး တင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၄.၆၆ သန်းဖိုး ရှိကြောင်းဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံသည် ဗီယက်နမ်နိုင်ငံသို့ ကားအစီးရေ ၃၈,၀၄၀ စီးတင်သွင်းခဲ့ပြီး စုစုပေါင်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၅၇.၃ သန်းရှိသည်။

ထိုင်းနိုင်ငံသည် ဗီယက်နမ်နိုင်ငံသို့ ကားအစီးရေ ၃၂,၇၁၇ စီး တင်ပို့ရောင်းချမှုအရ ဒုတိယ အကြီးဆုံး ကားတင်သွင်းသူဖြစ်ပြီး တင်ပို့မှုတန်ဖိုးအရ  အမေရိကန်ဒေါ်လာ ၆၂၈.၆ သန်းဖြင့် အများဆုံး ဖြစ်ခဲ့သည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံသို့ ကားအစီးရေ ၁၇,၂၃၅ တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၅၂၁.၆၅ သန်းတန်ဖိုးရှိပြီး ပမာဏအရ တတိယနေရာတွင် ရပ်တည်နေပြီး တန်ဖိုးအရ ဒုတိယ ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်

Category: International News