International News

ဗီယက်နမ်နိုင်ငံ၏ အုန်းသီးတင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်း

Last Updated:

တရုတ်နိုင်ငံသို့ အုန်းလတ်လတ်ဆတ်ဆတ် တင်ပို့မှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းဖြင့် ယခုနှစ်အတွင်း အုန်းသီးတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အထိ ရှိမည်ဟု ခန့်မှန်းထားကြောင်း ဗီယက်နမ်နိုင်ငံ အုန်းသီးအသင်း၏ အဆိုအရ သိရှိရပါသည်။

ယခုလအစောပိုင်းတွင် ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အေးခဲထားသည့်ဒူးရင်း၊ အုန်းသီးလတ်လတ်ဆတ်ဆတ်နှင့် မိကျောင်းသားများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့မှုဆိုင်ရာ သဘောတူညီချက် (၃) ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်းဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၏ အုန်းသီးလတ်လတ်ဆတ်ဆတ် တင်ပို့မှုအတွက် တံခါးဖွင့်ခြင်းသည် ဗီယက်နမ်နိုင်ငံရှိ အုန်းသီးစိုက်ပျိုးသူများအတွက် သိသာထင်ရှားသော အခွင့်အလမ်းများကို ယူဆောင်လာမည် ဖြစ်ကြောင်း၊ လူဦးရေ ၁.၄ ဘီလီယံရှိသော တရုတ်နိုင်ငံသည် ကြီးမားသော စျေးကွက်တစ်ခုဖြစ်ပြီး ၎င်း၏ပြည်တွင်း အုန်းသီးထောက်ပံ့မှုသည် ဝယ်လိုအား၏ ၁၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိကြောင်း သိရှိပါသည်။

ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် ကမ္ဘာပေါ်တွင် သတ္တမမြောက် အုန်းသီးအများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ အဓိကအားဖြင့် တစ်နှစ်လျှင် တန်ချိန် ၂ သန်းခန့် ထွက်ရှိကြောင်း ဖော်ပြထားပါသည်။

 

Source: Voice of Vietnam

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News