International News

EXIM Conference-Navigating Global Trade Frontiers အခမ်းအနားသို့ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်တက်ရောက်၍ အမှာစကားပြောကြား

Last Updated:

ကော်လ်ကတ္တားမြို့၊Hotel Taj Bengal တွင် ၂၀-၈-၂၀၂၄ ရက်(အင်္ဂါနေ့)၊နံနက်ပိုင်း၌ အိန္ဒိယနိုင်ငံ၊ Confederation of Indian Industry(CII)Eastern Region မှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့သည့် EXIM Conference- Navigating Global Trade Frontiers အခမ်းအနားသို့ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးတင်မိုး တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ ယင်းအခမ်းအနားသို့ သြစတြေးလျကောင်စစ်ဝန်ချုပ် Mr. Hugh Boylan၊ ဂျပန်ကောင်စစ်ဝန်ချုပ် Mr. Nakagawa Koichi၊ အိန္ဒိယနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ ဗဟိုအစိုးရ၏ ဝန်ကြီး Shri Dharmendra Pradhan၊ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Shri Shantanu Thakur  နှင့် CII Eastern Region ဥက္ကဌ Mr. S K Behera၊ ဒုတိယဥက္ကဌ Mr. Shashwat Goenka နှင့် မန်းနေးဂျင်းဒါရိုက်တာ Mr. Umesh Chowdhary တို့တက်ရောက်ခဲ့ကြပါသည်။

အိန္ဒိယနှင့် မိတ်ဖက်နိုင်ငံများအကြား အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအခွင့်အလမ်းများရရှိရေးအတွက် သက်ဆိုင်ရာနယ်ပယ်ကဏ္ဍများမှ တာဝန်ရှိသူများနှင့် ထိတွေ့ဆက်ဆံနိုင်ရေးအခွင့်အလမ်းကောင်းများရရှိစေရန်ရည်ရွယ်၍ အဆိုပါအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံ၊ ဩစတေး လျနိုင်ငံတို့နှင့်အတူ လုပ်ဖေါ်ကိုင်ဖက်နိုင်ငံ(Partner country) အနေနှင့် ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News