International News

တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံမှ လျှပ်စစ်ကားများအပေါ် သွင်းကုန်ခွန်တိုးမြှင့်ခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်

Last Updated:

ကနေဒါအစိုးရသည် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများ တင်သွင်းမှုအပေါ် (၁၀၀) ရာခိုင် နှုန်း အခွန်စည်းကြပ်ရန်နှင့် တရုတ်နိုင်ငံမှတင်သွင်းသော သံမဏိနှင့် အလူမီနီယံတို့အပေါ် (၂၅) ရာခိုင်နှုန်းအခွန်စည်းကြပ်ရန် စီစဉ်ထားသည်ဟု ၂၆-၈-၂၀၂၄ ရက်နေ့တွင် ကြေညာခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါကြေညာချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံသည် ၎င်းတို့ကုမ္ပဏီများ၏ တရားဝင်အခွင့် အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန်လိုအပ်သည့်အစီအမံအားလုံးကို လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၇-၈-၂၀၂၄ ရက်နေ့တွင် ပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံရှိ လျှပ်စစ်ကားလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ၎င်းတို့၏ ယှဉ်ပြိုင်နိုင် စွမ်းရှိသောအားသာချက်များပေါ်တွင် အခြေခံပြီး ပွင့်လင်းသောပြိုင်ဆိုင်မှု၏ ရလဒ်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အွန်လိုင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကနေဒါနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဥ်းစည်းကမ်းများကို အခြေခံသည့် လွတ်လပ်သောကုန်သွယ်မှုနှင့် နိုင်ငံစုံကုန်သွယ်မှုစနစ်တို့ကို ပံ့ပိုးပေးရန်ပြောဆိုလျက်ရှိ သော် လည်း တစ်ဖက်သတ်အကောက်ခွန်စည်းကြပ်မှုများဆောင်ရွက်သည့် နိုင်ငံအချို့နောက်ကို လိုက်၍ ထိုစည်းမျဉ်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း၊ ထိုသို့ဆောင်ရွက် ခြင်းသည် ကုန်သွယ်မှုတားဆီးရေး စံနမူနာတစ်ခုဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

ယင်းလုပ်ရပ်များသည် ကမ္ဘာ့စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ၏ တည်ငြိမ် မှုကို အဟန့်အတားဖြစ်စေမည်ဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေးစနစ်နှင့် ကုန်သွယ်မှုစည်းမျဉ်းများကို ပြင်း ထန်စွာ ထိခိုက်စေမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းများ၏ အကျိုးစီးပွားကို ထိခိုက်စေပြီး ကနေဒါနိုင်ငံရှိ စားသုံးသူများ၏ အကျိုးကို လျော့နည်းစေမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုတားဆီးရေး လှုပ်ရှားမှုများသည် ကနေဒါ၏ စိမ်းလန်းသော အသွင်ကူးပြောင်းမှုနှင့် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုများကို အဟန့်အ တား ဖြစ်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်ဟု သိရှိရပါသည်။

ထို့အပြင် ကနေဒါနိုင်ငံရှိ တရုတ်သံရုံးက တရုတ်နိုင်ငံထုတ်လျှပ်စစ်ကားများ (EVs)များ အပေါ် အခွန်စည်းကြပ်ရန် ကနေဒါအစိုးရ၏ လုပ်ဆောင်ချက်အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း ၂၆-၈-၂၀၂၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အဆိုပါပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် EV များအပေါ် ကုန်သွယ်မှုတား ဆီးရေးဝါဒနှင့် နိုင်ငံရေးအရ လှုံ့ဆော်မှုအဖြစ် သွင်းကုန်ခွန် တိုးမြှင့်ရန် ကနေဒါအစိုးရ၏ ဆုံး ဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး အဆိုပါလုပ်ရပ်သည် WTO စည်းမျဉ်းများကို ချိုးဖောက်ရုံသာမက လွတ်လပ်သောကုန်သွယ်မှုနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံ တစ်ခုဖြစ်သည့် ကနေဒါနိုင်ငံ၏ပုံရိပ်ကို ပျက်ပြားစေသည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

တရုတ်နိုင်ငံ၏ လျှပ်စစ်ကားလုပ်ငန်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုသည် နည်းပညာများကို အစဉ်ဆန်းသစ်တီထွင်မှု၊ စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များ ခိုင်မာစွာတည်ဆောက် ထားမှုနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်မှုတို့ကြောင့်ဖြစ်သည်ဟု ၎င်းက အလေးပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကနေဒါနိုင်ငံသည် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများအပေါ် သွင်းကုန်ခွန်ကို အောက်တိုဘာ လ(၁)ရက်နေ့မှစတင်၍ (၆.၁)ရာခိုင်နှုန်းမှ (၁၀၆.၁)ရာခိုင်နှုန်းသို့ တိုးမြှင့်သွားမည်ဟု ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က ၂၆-၈-၂၀၂၄ ရက်နေ့တွင် ကြေညာခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် တရုတ်နိုင်ငံထုတ် သံမဏိနှင့် အလူမီနီယံ ထုတ်ကုန်များအပေါ် အခွန်စည်း ကြပ်မှုကိုလည်း အောက်တိုဘာလ (၁၅)ရက်နေ့မှစတင်ကာ (၂၅)ရာခိုင်နှုန်းအထိ တိုးမြင့်မည်ဖြစ် ကြောင်း သိရှိရပါသည်။

 

Source: https://www.chinadaily.com.cn/a/202408/27/WS66cd7f88a31060630b925355.html

https://www.chinadaily.com.cn/a/202408/27/WS66cd7b48a31060630b925348.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: International News