International News

Exploring Myanmar: A Gateway for Unlocking Trade & Investment Opportunities ဆွေးနွေးပွဲသို့ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးတင်မိုး တက်ရောက်၍ အဖွင့်အမှာစကားပြောကြား

Last Updated:

ကော်လ်ကတ္တားမြို့၊ The Lake Club ၌ ၂၂-၈-၂၀၂၄ ရက်(ကြာသပတေးနေ့)ညနေပိုင်းတွင် မြန်မာကောင်စစ် ဝန်ချုပ်ရုံးနှင့် Indian Chamber of International Business(ICIB)နှင့် Alteus Group of Companies တို့ပူးပေါင်းစီစဉ်ကျင်းပပြုလုပ်ခဲ့သည့် Exploring Myanmar: A Gateway for Unlocking Trade & Investment Opportunities ဆွေးနွေးပွဲသို့ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်၊ ဦးတင်မိုး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲကို အိန္ဒိယ(West Bengal ပြည်နယ်)နှင့် မြန်မာ နိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်နှင့် West Bengal ပြည်နယ်တွင် Bengal-Myanmar ကုန်သွယ်မှုဆိုင်ရာ ကုန်သည်ကြီးများအသင်းတည်ထောင်နိုင်ရေးအတွက် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ဒေါက်တာမျိုးသန့်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် အွန်လိုင်းမှတစ်ဆင့်ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။ အိန္ဒိယနိုင်ငံဘက်မှ Alteus Group of Companies ဥက္ကဌ၊ ICIB မှ Secretary General၊ Federation of Indian Export Organizations(FIEO)- East မှ Regional Chairman နှင့် ကော်လ်ကတ္တား တက္ကသိုလ်မှ ပါမောက္ခတို့က ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအကြောင်း၊ အခက်အခဲနှင့်စိန်ခေါ်မှုများအကြောင်း Panelists များနှင့် တက်ရောက်လာသူများအကြား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အိန္ဒိယကုန်သည်အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အထူးဖိတ်ကြားထားသူများနှင့် မီဒီယာများ၊ အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသူများအပါအဝင် စုစုပေါင်း(၆၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News