International News

မလေးရှားနိုင်ငံမှ ပထမအသုတ် ဒူးရင်းသီးများ တရုတ်ဈေးကွက်သို့ ဝင်ရောက်လာ

Last Updated:

မလေးရှားနိုင်ငံမှ ဒူးရင်းသီး စုစုပေါင်း (၁၅)တန်သည် ပထမဆုံးအသုတ်အဖြစ် တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ်၊ မြို့တော် ကျန်းကျိုးသို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ ဒူးရင်းသီးများကို Zhengzhou Xinzheng International Airport မှ အအေးခန်းထောက်ပံ့ ပို့ဆောင်ရေးစနစ်ကို အသုံးပြု၍ ပေကျင်း၊ ရှန်ဟိုင်း၊ ရှန်ကျန်း၊ ရှမန်နှင့် ရှန်းယန် အပါအဝင် မြို့ကြီးများသို့ ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Black Thorn နှင့် Musang King ကဲ့သို့သော အမျိုးအစား (၁၀)မျိုးအပါအဝင် မလေးရှား ဒူးရင်းသီးများကို မလေးရှားကုမ္ပဏီ(၉)ခုမှ တင်ပို့ရောင်းချခြင်းဖြစ်ပြီး Zhengzhou လေဆိပ် အကောက်ခွန်ဌာနသည် ကုန်ပစ္စည်းဆိုက်ရောက်ချိန်တွင် စစ်ဆေးမှုမြန်ဆန်စေရန်နှင့် အကောက်ခွန် ရှင်းလင်းမှုလွယ်ကူစေရန် အအေးခန်းလိုအပ်သည့်ကုန်စည်များအတွက် ''green channel' ကို ဆောင်ရွက်ပေးထားကြောင်း သိရှိရပါသည်။

လက်ရှိတွင် ကျန်းကျိုးမြို့နှင့် ကွာလာလမ်ပူတို့အကြား ဒူးရင်းသီးများ သယ်ယူပို့ဆောင် ရန် လေကြောင်းခရီးကို B737-800 ကုန်တင်လေယာဉ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး နေ့ချင်းပြန် ခရီးစဉ်များကို လိုက်လျောညီထွေစီစဉ်ပေးထားကြောင်းနှင့် မြို့နှစ်မြို့အကြား တိုက်ရိုက်လေ ကြောင်းခရီးစဉ်သည် (၅)နာရီသာ ကြာမြင့်ကြောင်း သိရှိရပါသည်။

 

Source: https://english.news.cn/20240825/e782d6dfc7a040f289a6f88d4de364dd/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: International News