International News

အိန္ဒိယသည်ဘာစမာတီမဟုတ်သော ဆန်ဖြူတန်ချိန် ၂ သိန်းအား မလေးရှားသို့တင်ပို့ခွင့်ပြု

Last Updated:

နိုင်ငံတော်သမဝါယမပို့ကုန်လီမီတက် (NCEL)မှတစ်ဆင့်မလေးရှားနိုင်ငံသို့ ဘာစမာတီမဟုတ်သော ဆန်ဖြူတန်ချိန် ၂ သိန်းအားတင်ပို့ခွင့်ပြုထားကြောင်းသိရသည်။ ပြည်တွင်းထောက်ပံ့မှုမြှင့်တင်ရန်အတွက် ဘာစမာတီမဟုတ်သောဆန်ဖြူ တင်ပို့မှုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ကတည်းကပိတ်ပင်ထားသော်လည်း အချို့သောနိုင်ငံများမှ ၎င်းတို့၏ ကိုယ်စား စားနပ်ရိက္ခာလိုအပ်မှု လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန် အစိုးရမှခွင့်ပြုချက်ဖြင့် တင်ပို့ခွင့်ပြုထားသည်။

မလေးရှားနိုင်ငံသို့ ဘာစမာတီမဟုတ်သော ဆန်ဖြူတန်ချိန် ၂၀၀၀၀၀ တင်ပို့မှုကို NCELမှ တစ်ဆင့်ခွင့်ပြုထားကြောင်း နိုင်ငံခြားကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(DGFT)ကအကြောင်း ကြားစာတွင်ဖော်ပြထားသည်။ အိန္ဒိယ၊ ကင်မရွန်၊ နီပေါ၊ CoteD’Ivose၊ ဂီနီ၊ မလေရှား၊ ဖိလစ်ပိုင်နှင့် Seychelles ကဲ့သို့သောနိုင်ငံများသို့ အစောပိုင်းတွင် အဆိုပါတင်သွင်းမှုကိုခွင့်ပြုခဲ့သည်။

NCELသည်ပြည်နယ်ပေါင်းစုံပူးပေါင်းဆောင်ရွက်သောလူ့အဖွဲ့အစည်ဖြစ်သည်၊ ၎င်းနိုင်ငံအတွင်းရှိထိပ်တန်းသမဝါယမအသင်းအချို့ဖြစ်သည့် Gujarat Cooperative Milk Marketing Federation (GCMMF), Indian Farmers Fertiliser Cooperative Ltd(KRIBHCO) နှင့်National Agricultural Cooperative Marketing Federation of India Ltd(NAFED) တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

Source: business- standard

Source: https://www.doca.gov.mm

Category: International News