International News

ဗီယက်နမ်အလယ်ပိုင်းဒေသများသည် အမျိုးသားနေ့ အားလပ်ရက်အတွင်း ခရီးသွားများကို ဆွဲဆောင်ရန်ကြိုးပမ်း

Last Updated:

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Thua Thien – Hue ပြည်နယ်သည် ဩဂုတ်လ ၃၁ ရက်မှ စက် တင်ဘာ ၃ ရက်နေ့များအတွင်း ရောက်ရှိမည့် ဗီယက်နမ်နိုင်ငံ၏ အမျိုးသားနေ့ အားလပ်ရက်အတွင်း လာရောက်လည်ပတ်သူများကို ဆွဲဆောင်ရန်အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ ထုတ် ကုန်များကို ကွဲပြားစွာဖြန့်ကျက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း Vietnam Plus အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ၅ ရက်အတွင်း ခရီးသွား ၁၂၀,၀၀၀ ကို ကြိုဆိုနိုင်မည်ဟု ခန့်မှန်းထားပြီး အားလပ်ရက်အတွင်း ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းမှ ၀င်ငွေသည် ဗီယက်နမ်ဒေါင် ၁၃၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၃ သန်းကျော်) ရှိမည်ဟု ခန့်မှန်းထားသည်။ နိုင်ငံတကာဧည့်သည် ၁၆,၅၀၀ ဝန်းကျင်အပါအဝင် ညအိပ်တည်းခိုသူဦးရေ ၄၈,၀၀၀ ရှိမည်ဟု ခန့်မှန်းထားကြောင်းလည်းဖော်ပြထားသည်။

ခရိုင်ခရီးသွားလုပ်ငန်းဌာန ညွှန်ကြားရေးမှူး Nguyen Van Phuc ၏ ပြောကြားချက်အရ ဗီယက်နမ် မီးရထား ကော်ပိုရေးရှင်း(VRC)သည် အဖွဲ့လိုက်နှင့် တစ်ဦးချင်းခရီးသွားများအတွက် လျှော့စျေးများပေးဆောင်နေသောကြောင့် Hue သို့ မီးရထားဖြင့် ခရီးသွားသည့်ခရီးသွား အရေ အတွက် သိသိသာသာတိုးလာမည်ဟု မျှော်လင့်ထားကြောင်းသိရှိရပါသည်။

Thua Thien ရှိ Phu Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သည် အားလပ်ရက်အတွင်း ခရီးသည် ၅၉,၄၀၀ ခန့်ဖြင့် ခရီးစဉ် ၃၃၀ ပျံသန်းရန် စီစဉ်ထားပြီး VRC သည် Hue ဘူတာမှ ဆိုက်ရောက်မည့်ခရီးသည် ၁၃,၀၀၀ ခန့်ကို ပို့ဆောင်ရန် ရည်ရွယ်ထားကြောင်း၊ခရီးသည် ၃၅၀၀ ခန့်သည် Hue – Da Nang “Connecting Central Heritage” ခရီးသွားရထား ဝန်ဆောင်မှုအား အားလပ်ရက်အတွက် ကြိုတင်စာရင်းပေးထားကြောင်းဖော်ပြထားသည်။

ဗီယက်နမ်အလယ်ပိုင်း ဒါနန်းမြို့တွင် ပြည်တွင်းနှင့် နိုင်ငံတကာခရီးသွားလာရေး လိုအပ်ချက်ကို မြှင့်တင်ရန် ရည်ရွယ်ပြီး စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် မြို့တော်သည် ခရီးသွားဝန်ဆောင်မှုဘောက်ချာများကို ထောင်နှင့်ချီသော ဧည့်သည်များအား ပေးဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါဘောက်ချာများကို ဖျော်ဖြေရေးနေရာများ၊ စားသောက်စရာနေရာများနှင့် မြို့တွင်းရှိ နေရာထိုင်ခင်းရွေးချယ်စရာ အမျိုးမျိုးတွင်ထုတ်ယူနိုင် ပါကြောင်း၊ အစီအစဉ်၏ ရည်ရွယ်ချက်မှာ လှပသောကမ်းခြေများနှင့် တက်ကြွသောခရီးသွား ဆွဲဆောင်မှုများကြောင့် နာမည်ကြီးသောဒါနန်းတွင် စိတ်လှုပ်ရှားဖွယ်ရာ ဆွဲဆောင်မှုရှိသော အတွေ့အကြုံများကို ပေးဆောင်ရန် ဖြစ်ကြောင်းဖော်ပြထားသည်။

ဒါနန်းသို့ လာရောက်လည်ပတ်သူများ အနေဖြင့် ဒါနန်းလေဆိပ်၊အွန်လိုင်းခရီးသွား ပလက် ဖောင်းများဖြစ်သည့် Traveloka-https://www.traveloka.com/vi-vn/promotion/enjoy-danang ၊ KKDay - https://www.kkday.com/en/promo/EnjoyDaNang တွင် ဘောက်ချာများကို ထုတ်ယူနိုင်ပြီး အဆိုပါ အစီအစဉ်သည် ဒါနန်း၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး လှုပ်ရှားမှုတွင် ခရီးသွားများနှင့် ဒေသခံလူထုအတွက် အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်ကြောင်း ဖော်ပြထားပါသည်။

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်

Category: International News