Local News

မော်လမြိုင်ကျွန်းမြို့နယ်တွင် ရှမ်းပြည်နယ်မှ ဝင်ရောက်လာသည့် ငရုတ်ပွသီးများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် ရှမ်းပြည်နယ်မှ ဝင်ရောက်လာသည့် ငရုတ်ပွသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ယုဝေက ပြောပြ၍ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်သို့ ရှမ်းပြည်နယ်ဘက်က ဝင်ရောက်လာသည့် ငရုတ်ပွသီးများ ဩဂုတ်လဒုတိယပတ်မှ ဩဂုတ်လ ၂၈ ရက်နေ့ထိ အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ငရုတ်ပွသီးများ တစ်ရက်လျှင်ပိဿာချိန် ၂၀၀ ကျော်ထိ အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။

“ရှမ်းပြည်နယ်ဘက်ကနေ မော်လမြိုင်ကျွန်းမြို့နယ်ဘက်ကို ငရုတ်ပွသီးတွေအပါအဝင် အခြားကုန်ပစ္စည်းတွေပုံမှန်ဝင်ရောက်နေပါတယ်။ စားသုံးသူလိုအပ်ချက်ကြောင့် အရောင်းအဝယ်ကောင်းလာတာပါ။ တစ်ရက်လျှင် ပိဿာချိန် ၁၀၀ နဲ့အထက် ရောင်းရပါတယ်။ လက်ရှိ ငရုတ်ပွသီး တစ်ပိဿာကို ငွေကျပ် ၂၁၀၀၀ ထိ ပေါက်ဈေးရှိနေပါတယ်။ ရှမ်းပြည်နယ်ဘက်က ဝင်ရောက်လာတဲ့ ငရုတ်ပွသီးတွေက လတ်ဆတ်ပြီး အရည်အသွေးကောင်းပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ယုဝေက ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ရှမ်းပြည်နယ်မှ ငရုတ်ပွသီးများအပြင် လက်ဖက်ခြောက်၊ ကြက်သွန်နီ၊ အာလူး၊ ကြက်သွန်ဖြူ၊ ချင်းစသည့် ကုန်ပစ္စည်းများကို တင်သွင်းလျက်ရှိကြောင်း၊ အဆိုပါ ငရုတ်ပွသီးများ အရောင်းအဝယ်ကောင်းနေခြင်းကြောင့် ငရုတ်စိုက်ပျိုးသူများ၊ ကုန်စည်သယ်ယူတင်ပို့သည့်လုပ်ငန်းရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ အခွင့်အလမ်းကောင်းမွန်လာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News