International News

ဗီယက်နမ်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့သည် လာမည့် ၂ နှစ် ၃ နှစ်အတွင်း နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှစ်ဆတိုးရန် ရည်မှန်း

Last Updated:

ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E Pham Minh Chinh နှင့် သြစတြေးလျ အထက် လွှတ်တော် ဥက္ကဋ္ဌ Sue Lines တို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုထိရောက်စွာမြှင့်တင်ရန် ၊ ကုန် သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ မြှင့်တင်ရန်နှင့် လာမည့် ၂ နှစ်မှ ၃ နှစ်အတွင်း နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု နှစ်ဆတိုးဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း အစိုးရသတင်းများတွင် ဖော်ပြထားသည်။

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအပြင် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်နှင့် အထက် လွှတ်တော် ဥက္ကဋ္ဌတို့သည် ဩဂုတ် ၂၇ ရက်နေ့က ဟနွိုင်း၌တွေ့ဆုံစဉ် နှစ်နိုင်ငံခေါင်းဆောင် များသည် အစိမ်းရောင်စီးပွားရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ရင်းမြစ်များကိုပြန်လည်အသုံးပြု သည့် စီးပွားရေး၊ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှု စသည့် နယ်ပယ်သစ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။

စွမ်းရည်မြှင့်တင်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ရာသီဥတုပြောင်းလဲမှု အပါအ ဝင် နယ်ပယ်များစွာတွင် ဗီယက်နမ်ကို လက်တွေ့ကျပြီး ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများစွာကို အကောင်အထည်ဖော်ပေးသည့် သြစတြေးလျကို ကျေးဇူးတင်ရှိပါကြောင်းဖြင့် ဝန်ကြီးချုပ် H.E Chinh မှ ပြောကြားခဲ့သည်။

ဩစတြေးလျနှင့် ဗီယက်နမ်တို့၏ ရရှိခဲ့သောအဆင့်မြင့် သဘောတူညီချက်များကို အကောင် အထည်ဖော်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းထိရောက်စေရန် ဆောင်ရွက်သွားရန် ဗီယက်နမ်ဝန်ကြီးချုပ်မှ အဆိုပြုခဲ့သည်။ \

သြစတြေးလျ အထက်လွှတ်တော်အမတ်က ဗီယက်နမ်နိုင်ငံသည် ဩစတြေးလျ၏ အရေးပါသော မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ သြစတြေးလျအစိုးရနှင့် လွှတ်တော်တို့သည် ဒေသတွင်း နိုင်ငံခြားရေးမူဝါဒတွင် ဗီယက်နမ်နှင့် ဆက်ဆံရေးကို အထူးအလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

 

Source: VN Economy

(စီးပွားရေးသံမှူး ၊ဗီယက်နမ်)

Category: International News