International News

တရုတ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် ပို့ကုန်ကဏ္ဍ စွမ်းဆောင်မှုသည် မျှော်မှန်းထားသည်ထက် ကျော်လွန်နိုင်

Last Updated:

ကဏ္ဍအသီးသီး၌ တရုတ်ထုတ်ကုန်များ၏ ပြိုင်ဆိုင်မှုပြင်းထန်လာမှုကြောင့် ပြည်ပဝယ်လိုအား ဆက်တိုက်မြှင့်တက်နေသဖြင့် ၂၀၂၄ ခုနှစ် ပထမခုနစ်လတွင် တရုတ်နိုင်ငံ၏ပို့ကုန်ကဏ္ဍသည် မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်လာကြောင်း တွေ့ရှိရသည်။ အချို့သောစီးပွားရေးများဆိုင်ရာ တင်းမာမှုများနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများ တိုးမြင့်လာခြင်းနှင့်  အသစ်သော ကုန် သွယ်မှုကန့်သတ်ချက်များရှိနေသော်လည်း လွန်ခဲ့သည့်လများအတွင်း တရုတ်နိုင်ငံ၏ မူဝါဒဆိုင် ရာ အစီအမံများကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးတွင် ပြည်တွင်းလိုအပ်မှု မြင့်မားလာခြင်းနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာအတွေးအမြင်များ အားကောင်းလာခြင်းတိုကြောင့် သွင်းကုန်များ တည်ငြိမ်လာခဲ့ကြောင်း လေ့လာသူများက ဆို သည်။

ကမ္ဘာ့စီးပွားရေးအခြေအနေသည် အလုံးစုံနှောင့်နှေးနေဆဲဖြစ်ပြီး ပြင်ပမသေချာမရေရာမှုများ ဆက်လက်တိုးပွားလာနေသည်။ အဓိကကျသော စျေးကွက်များတွင် ပြန်လည်ထိန်းသိမ်းခြင်းဆိုင်ရာ ကြိုးပမ်းမှုများအတွက် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် တည်ငြိမ်ရေးကဲ့သို့သော အဓိကအချက်များအားဖြင့် အနီးကပ်ဖော်ဆောင်သွားရမည်ဖြစ်သည်။ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန် သွယ်မှုကို ပိုမိုကောင်းမွန်သော အခြေအနေသို့ ရောက်ရှိရန် အားကောင်းသည့် ပံ့ပိုးကူညီမှုများ ထားရှိရမည် ဖြစ်ကြောင်း လေ့လာသူများက မှတ်ချက်ပြုခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း ကုန်စည်ကုန်သွယ်မှုပမာဏသည် ယွမ် ၂၄ ဒသမ ၈၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၆ ထရီလီယံ) ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်ရေး၏ ထုတ်ပြန်ချက်အရ သိရှိရ သည်။ ပို့ကုန်အနေဖြင့် ၆ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သွင်းကုန်၌ ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမခုနစ်လအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်းသွင်းကုန်နှင့် ပို့ကုန်ပမာဏသည် အလားတူကာလများနှင့် နှိုင်းယှဉ်ပါက သမိုင်းတွင် မြင့်မားမှုရှိခဲ့သည်။ ထူးခြားမှုအနေဖြင့် ဇူလိုင်လတွင် အလားအလာကောင်းသော နိုင်ငံ့စီးပွားရေး၏ အရှိန်အဟုန်ဖြင့် တိုးတက်မှုသည် ဆက်လက်တည်ရှိနေပြီး တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုနှုန်းမှာ ၅ ရာခိုင်နှုန်းကျော်ဖြစ်ကြောင်း တွေ့ရှိရသည်။

ရှေ့ဆက်အလားအလာများရ နိုင်ငံ၏ပို့ကုန် စွမ်းဆောင်ရည်သည် ၎င်း၏ ခိုင်မာသောတိုးတက်မှု လမ်းကြောင်း၌ ဆက်လက်ရရှိရန် မျှော်လင့်ထားသော်လည်း ယခင်နှစ်များ၏ အခြေခံအကျိုး ဆက်များကြောင့် ယခုနှစ်သြဂုတ်လတွင် စတင်အသက်ဝင်လာပြီး ပို့ကုန်ချဲ့ထွင်မှုနှုန်း၌ အနည်းငယ်နှေးကွေးလာနိုင်ကြောင်း မျှော်မှန်းထားသည်။

Ping An Securities ၏ စီးပွားရေးပညာရှင် အကြီးအကဲ Zhong Zhengsheng က ဖွံ့ဖြိုးပြီးနိုင်ငံများသည် ၎င်းတို့၏စျေးကွက်များကို ချဲ့ထွင်လျက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စျေးကွက်ချဲ့ထွင်မှုများကြောင့် ပြင်ပဝယ်လိုအား၏ စဉ်ဆက်မပြတ်ခိုင်မာမှုသည် ဤကာလအတွင်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်သော ပို့ကုန်စွမ်းဆောင်ရည်အတွက် ခိုင်မာသည့်အခြေခံအုတ် မြစ်ကို ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြား ခဲ့သည်။

၂၀၂၄ ခုနှစ် ပထမခုနှစ်လတွင် ဥရောပသမဂ္ဂ၊ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့နှင့် တရုတ်နိုင်ငံ၏ စုစုပေါင်း ပို့ကုန်/ သွင်းကုန် ပမာဏသည် ယွမ် ၈ ဒသမ ၄၉ ထရီလီယံရှိပြီး တစ်နှစ်ထက် တစ်နှစ် ၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း၊ ဗဟိုအာရှ နိုင်ငံ များ၊ လက်တင်အမေရိကနှင့် အာဖရိကနိုင်ငံတို့နှင့် ကုန်သွယ်မှု ပမာဏသည်လည်း ယွမ် ၇ ဒသမ ၆ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး အလားတူကာလနှင့် နှိုင်းယှဉ်ပါက တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုနှုန်း သည် ၉ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

Golden Credit Rating ၏ စီးပွားရေးပညာရှင် အကြီးအကဲ Wang Qing က ဥရောပသမဂ္ဂနှင့် အမေရိကန်တို့ကဲ့သို့ အဓိကစီးပွားရေးနိုင်ငံများနှင့် ကုန်သွယ်မှုပွတ်တိုက်မှုများ၊ ပြည်ပစီးပွား ရေးများ၌ နိုင်ငံရေးအစုအဝေးများ၏ အပြောင်းအလဲများနှင့် အဓိကစျေးကွက်များတွင် ကုန် ပစ္စည်းစာရင်း ပြင်ဆင်ခြင်းလုပ်ငန်းများသည် တရုတ်နိုင်ငံ၏ ကုန်စည်လိုအပ်ချက်ကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း၊ နယ်စပ်ဖြတ်ကျော် e-commerce နှင့် ပြည်ပကုန်လှောင်ရုံများ ဖွံ့ဖြိုးတိုးတက်လာစေရန် ခိုင်မာသောအဆင့်များကို လုပ်ဆောင်သင့်ပြီး ပြည်ပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စားသုံးသူများထံရောက်ရှိရန် နည်းလမ်းသစ်များ ပံ့ပိုးပေးသင့်ကြောင်း ပြောကြားခဲ့သည်။

 

အရင်းမြစ်။ http://en.people.cn/n3/2024/0808/c90000-20203320.html

လျန်ရှန်းမုန်

စီးပွားရေးသံမှူး၊

တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News