International News

ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုကို ဒေါ်လာ ၂၅ ဘီလီယံအထိ တိုးမြှင့်ရန် ကြိုးပမ်း

Last Updated:

ဝန်ကြီးချုပ် H.E Pham Minh Chinh နှင့် ထိုင်းဝန်ကြီးချုပ် H.E Paetongtarn Shinawatra တို့သည် ဩဂုတ် ၂၉ ရက်က ဖုန်းဖြင့်ဆွေးနွေးစဉ် နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံအထိ တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြကြောင်း VN Economy အွန်လိုင်း သတင်းဖော်ပြချက်အရ သိရှိရပါသည်။

ဝန်ကြီးချုပ် Chinh က အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တွင် ဗီယက်နမ်၏ အကြီးဆုံးကုန်သွယ်ဖက်နှင့် ဒုတိယအကြီးဆုံး နိုင်ငံခြားရင်းနှီးမြုပ်နှံသူအဖြစ် ထိုင်းနိုင်ငံ၏ ရပ်တည်ချက်ကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် ထိုင်း စီးပွားရေးလုပ်ငန်းများ ထိထိရောက်ရောက် လုပ်ငန်းဆောင်ရွက်နိုင်ရန် ကောင်းမွန်သောအခြေအနေများကို ဖန်တီး ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် Paetongtarn က ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားအတွက် ဘက်စုံထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန် ဗီယက်နမ်ဝန်ကြီးချုပ်နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါ သည်။

ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နီးကပ်သော ချိတ်ဆက်မှုရှိပြီး အပြန်အလှန် ဖြည့်စွမ်းပေးသည့် စီးပွားရေးမိတ်ဖက်များဖြစ်ကြောင်းနှင့် ဒေသတွင်းစီးပွားရေးတိုးတက်မှု အတွက် အဓိက မောင်းနှင်အားဖြစ်လာစေရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ကြမည်ဟု မျှော်လင့်ကြောင်း သူမက ပြောကြားခဲ့သည်ဟုဖော်ပြထားပါသည်။

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News