International News

ထိုင်းနိုင်ငံ၌ ဆိုဒီယမ်အဆင့်ပေါ် အခြေခံ၍ ကောက်ခံရန်အဆိုပြုထားသော ဆားခွန်ကို ၂၀၂၅ ခုနှစ်အတွင်းတွင် စတင်ကောက်ခံရန် ခန့်မှန်းထား

Last Updated:

ထိုင်းနိုင်ငံ၌ ဆိုဒီယမ်အဆင့်ပေါ် အခြေခံ၍ ကောက်ခံရန်အဆိုပြုထားသော ဆားခွန်ကို ၂၀၂၅  ခုနှစ်အတွင်းတွင် စတင်ကောက်ခံရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ထိုင်းပြည်သူများသည် လက်ရှိတွင် စံသတ်မှတ်ထားသော ဆိုဒီယမ်ပမာဏထက် ၂ ဆက် စားသုံးလျက်ရှိရာ စားသုံးမှုအဆင့်ကို လျှော့ချရန် အစီအမံများ လိုအပ်လျက်ရှိပါကြောင်း၊ ယင်း အခွန်ပုံစံသည် အဖျော်ယမကထုတ်လုပ်သူများအား ယင်းတို့ထုတ်ကုန်အတွင်း သကြားပါဝင်မှုကို လျှော့ချရန် ယစ်မျိုးခွန်ဦးစီးဌာနက လွန်ခဲ့သော ၇ နှစ်၊ ၈ နှစ်က မိတ်ဆက်ခဲ့သော သကြားခွန်နှင့် ဆင်တူပါကြောင်း၊ ဆားခွန်ကို ပထမဆုံးကောက်ခံမည့် ကုန်ပစ္စည်းမှာ မရှိမဖြစ်အရေးပါသော ပစ္စည်းမဟုတ်သည့် မုန့်များအပေါ်တွင်ဖြစ်ကြောင်း၊ ဆားခွန်သည် အစားအစာတွင် တွေ့ရှိရသော ဆိုဒီယမ်အဆင့်ပေါ် အခြေခံမည်ဖြစ်ပြီး ဆိုဒီယမ်ပါဝင်မှုမြင့်မားလေလေ အခွန်နှုန်းထားများလေလေဖြစ်ပြီး ဆိုဒီယမ်ပါဝင်မှုနည်းပါက အခွန်နှုန်းထားနည်းမည်ဖြစ်ကြောင်း ယစ်မျိုးခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Kulaya Tantitemit က ပြောကြားခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမှုကိုမြှင့်တင်ရန် လက်ရှိကောက်ခံနေသော ဘတ္တရီအခွန်သည် ၈ ရာခိုင်နှုန်းဖြစ်ရာ ယင်းအခွန်ကို ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ဆွေးနွေးနေပါကြောင်း၊ ပုံစံသစ်တွင် အခွန်သည် စွမ်းအင်သိပ်သည်းဆကဲ့သို့သော ပတ်ဝန်းကျင်ဆိုင်ရာ အချက်များပေါ်မူတည်ပါကြောင်း၊ ဥပမာအားဖြင့် ဘတ္တရီ၏ အလေးချိန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအပေါ် မူတည်မည်ဖြစ်ကြောင်း၊ ယင်းအပြင် ဘတ္တရီ၏ သက်တမ်းကိုလည်း ထည့်သွင်းတွက်ချက်မည်ဖြစ်ရာ သက်တမ်းအရေအတွက်များပါက အခွန်နည်းမည်ဖြစ်ပြီး သက်တမ်း အရေအတွက်နည်းပါက အခွန်များမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အခွန်ကောက်ခံရရှိရန် မျှော်မှန်းထားချက်သည် ဘတ် ၆၀၉ ဘီလီယံဖြစ်ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News