International News

ဟနွိုင်းမြို့ရှိ Noi Bai လေဆိပ်သည် ကြိုးမဲ့အင်တာနက် Wifi အသုံးပြုမှုတွင် စင်ကာပူနိုင်ငံကို ကျော်တက်

Last Updated:

ဟနွိုင်းရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး wifi ဝန်ဆောင်မှုပေးသည့် လေဆိပ် ၂၀ ခုအနက် အဆင့် (၆) နေရာတွင် ရပ်တည်လျက်ရှိပြီး စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်နှင့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်အင်ချွန်းလေဆိပ်တို့ကို ကျော်တက်သွားခဲ့ကြောင်း VN Express International အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

ဗီယက်နမ်ရှိ အလုပ်အများဆုံးလေဆိပ်ဖြစ်သည့် Noi Bai လေဆိပ်သည် ကြယ်ငါးပွင့်အနက် အဆင့်သတ်မှတ်ချက် ၄.၁၅ ပွင့် ရရှိခဲ့သည်။ အိန္ဒိယတွင် အခြေစိုက်သည့် Electronics Hub ဟုသော ဝက်ဘ်ဆိုက်တွင် အင်တာနက်အသုံးပြုမှုများမှ ၎င်းတို့၏ ထင်မြင်ယူဆချက်ကို မျှဝေခဲ့ခြင်းဖြစ်သည်။ Skytrax ဟု လူသိများသော website မှလည်း ခရီးသွားသူများ၏ Noi Bai လေဆိပ်တွင် wifi အသုံးပြုမှုအပေါ်ကျေနပ်မှုကို ကြည့်ရှုခဲ့ကြသည်။

ချန်ဂီလေဆိပ်သည် ပျမ်းမျှအဆင့်သတ်မှတ်ချက် ၄ ဖြင့် အဆင့် ၈ နှင့် ဆိုးလ်အင်ချွန်း လေဆိပ်သည် အဆင့် ၁၃ တွင်ရှိပြီး ပျမ်းမျှအဆင့်သတ်မှတ်ချက် ၃.၇၄ ရှိသည်။ စလိုဗေးနီးယားရှိ Ljubljana လေဆိပ်တွင် ကမ္ဘာ့အကောင်းဆုံးလေဆိပ် wifi ပါရှိပြီး ပျမ်းမျှအဆင့်သတ်မှတ်ချက်မှာ ကြယ်ငါးပွင့်မှ ၄.၄၆ ရရှိသည်ဟု ဖော်ပြထားသည်။

Noi Bai လေဆိပ်တွင် WiFi ကို အကန့်အသတ်မရှိ အခမဲ့ဖြစ်ပြီး အကောင့်မှတ်ပုံတင်ဝင်ရောက်ရန် မလိုအပ်သောကြောင့် နှစ်သက်ကြကြောင်း သိရှိရပါသည်။ ဟောင်ကောင်လေဆိပ် သည် ဒုတိယအကောင်းဆုံးဖြစ်ပြီး ၎င်းနောက်မှ Helsinki Vantaa လေဆိပ်နှင့် Narita လေဆိပ်တို့ပါဝင်ကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီလတွင် Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သည် စီးပွားရေးခရီးသွားများအတွက် ပျမ်းမျှအဆင့်သတ်မှတ်ချက် ၁၀ တွင် ၆.၈ ရှိသော Changi လေဆိပ်ကို ကျော်တက်သွားခဲ့ကြောင်း သိရှိရပါသည်။

Noi Bai သည် တစ်နှစ်လျှင် ခရီးသည် ၂၅ သန်းလာရောက်ပြီး မကြာသေးမီနှစ်များအတွင်း အစိုးရသည် ၎င်း၏ ဝန်ဆောင်မှုများ၏ အရည်အသွေးကို မြှင့်တင်ခဲ့ပြီး လုပ်ငန်းစဉ်များတွင် စောင့်ဆိုင်းချိန်များကို လျှော့ချနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

 

 

Source : VN express International

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News