International News

၂၀၂၄ ခုနှစ်၊ ဂျူလိုင်လ၏ ငွေကြေးဖောင်းပွမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်

Last Updated:

အမေရိကန်နိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ငွေကြေးဖောင်းပွမှုအစီရင်ခံစာနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်ကို အမေရိကန်သမ္မတအိမ်ဖြူတော်ဝက်ဘ်ဆိုက်၌ ၃၀-၈-၂၀၂၄ ရက်၌ ဖော်ပြခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လရှိ အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂.၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ၃ နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးဖြစ်ရာ ငွေကြေးဖောင်းပွမှုသည် အမှန်တကယ် ကျဆင်းသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ကြောင်း၊ လုပ်ခလစာတိုးနှုန်းသည် ငွေကြေး ဖောင်းပွမှု တိုးနှုန်းထက်များသဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလနောက်ပိုင်းတွင် နိုင်ငံသားတိုင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၁,၄၀၀ အထိ ပိုလာခဲ့ကြောင်း၊ သို့ရာတွင် ဈေးနှုန်းများမှာ မြင့်မားနေဆဲဖြစ်ရာ အစိုးရအနေဖြင့် နေအိမ်အသစ် စုစုပေါင်း ၃ သန်း ဆောက်လုပ်ခြင်းဖြင့် ဈေးနှုန်းများ လျှော့ချရန်နှင့် အမေရိကန်နိုင်ငံသားအားလုံးအတွက် ဆရာဝန်ညွှန်ကြားသည့် ဆေးညွှန်းဈေးနှုန်းများ၏ အမြင့်ဆုံး ပမာဏသတ်မှတ်ချက် အစီအစဉ်ကို တိုးချဲ့အကောင် အထည်ဖော်ရန် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ စွမ်းအင်ထုတ်လုပ်သည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် စွမ်းအင်ဈေးနှုန်းများ လျော့နည်းအောင် ဆောင်ရွက်လျက်ရှိပြီး လောင်စာဆီဈေးနှုန်းမှာ ယခင်နှစ်ကထက် ဆင့် ၅၀ ခန့် ကျဆင်းခဲ့ကြောင်းနှင့် ၃ နှစ်တာကာလအတွင်း လောင်စာဆီဈေးနှုန်းသည် အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ရီပတ်ဘလင်ကန်လွှတ်တော်အမတ်များအနေဖြင့် သန်းပေါင်းများစွာ ကြွယ်ဝချမ်းသာသူများနှင့် ကော်ပိုရေးရှင်းကြီးများအား အခွန်သက်သာခွင့်ပေးကာ အလုပ်ကြိုးစား လုပ်ကိုင်လျက်ရှိကြသည့် အမေရိကန်နိုင်ငံသားများကို အမေရိကန်ဒေါ်လာ ၄,၀၀၀ အထိ အခွန်တိုးမြှင့်ကောက်ခံခဲ့ကြောင်း၊ ဤသည်မှာ ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေသည့်အချက်ဖြစ်သဖြင့် လက်ရှိအစိုးရအနေဖြင့် ယင်းအစီအစဉ်အထမမြောက်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: https://www.whitehouse.gov/briefing-room/statements-releases/ 2024/08/30/statement-from-president-joe-biden-on-july-pce-inflation-report/

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News