International News

အိန္ဒိယအစိုးရက သကြားအနည်းဆုံးရောင်းချဈေးနှုန်း (MSP) နှင့် အီသနော ဈေးနှုန်းများကို မြှင့်တင်ရန် စဉ်းစားလျှက်ရှိ

Last Updated:

အိန္ဒိယအစိုးရသည် အီသနောစျေးနှုန်းများတိုးမြှင့်ခြင်း၊ သကြားရောင်းချမှုအနည်းဆုံးစျေးနှုန်း (Minimum Selling Price -MSP) မြှင့်တင်ခြင်းနှင့် 2024-25 ရာသီအတွက် သကြားတင်ပို့မှု များကို ပြန်လည်သုံးသပ်ရန် စဉ်းစားနေကြောင်းနှင့် ယင်းကိစ္စနှင့် သက်ဆိုင်သည့် ရေနံဝန်ကြီး ဌာနနှင့်လည်း ဆက်သွယ်ဆွေးနွေးလျက်ရှိကြောင်း စားနပ်ရိက္ခာဝန်ကြီး Pralhad Joshi က ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

သကြားတင်ပို့မှုနှင့် ပတ်သက်၍ Joshi က လာမည့်နှစ်၏ ထုတ်လုပ်မှုနှင့်သကြားရရှိနိုင်မှုကိုကြည့်ပြီးနောက် ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သကြားဈေးနှုန်း ညှိနှိုင်းရေးကော်မတီသည် 2019 ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ ပြောင်းလဲခြင်းမရှိသော သကြားအနိမ့်ဆုံးရောင်းဈေးတစ်ကီလိုလျှင် ၃၁ ရူပီးကို တိုးမြှင့်ရန် အဆို ပြုချက်ကို ညှိနှိုင်းနေသည်ဟုလည်း ဝန်ကြီးကပြောကြားခဲ့သည်။ Joshi သည်  မုတ်သုံလေအခြေ နေကို ကိုးကား၍ အောက်တိုဘာလမှ စတင်မည့် 2024-25 ရာသီအတွက် သကြားထုတ်လုပ်မှုမှာ ကောင်းမွန်မည်ဟု ခန့်မှန်းထားကြောင်းလည်း သိရှိရသည်။

အိန္ဒိယအစိုးရမှသတ်မှတ်ထားသော အီသနောစျေးနှုန်းများသည် 2022-23 ခုနှစ် (နိုဝင်ဘာမှ အောက်တိုဘာလ) မှစတင်၍ မြှင့်တင်ထားခြင်းမရှိသေးဘဲ  ကြံရည်၊ B-Heavy တင်လဲရည်၊ နှင့် C-Heavy တင်လဲရည်တို့မှထုတ်လုပ်သော အီသနောများ၏ လက်ရှိနှုန်းထားများမှာ တစ်လီတာလျှင် 65.61 ရူပီး၊ 60.73 နှင့် 56.28 ရူပီး အသီးသီး ဖြစ်ကြောင်းသိရှိရသည်။

 

Source: Govt mulls hike in sugar MSP, ethanol prices, The Economic Times,

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News