International News

အမေရိကန်နိုင်ငံ၊ ပြည်နယ်များတွင် အလုပ်လက်မဲ့မိဘအရေအတွက် တိုးလာခဲ့

Last Updated:

အမေရိကန်နိုင်ငံရှိ ပြည်နယ်များတွင် အလုပ်လက်မဲ့မိဘအရေအတွက် တိုးလာခဲ့ကြောင်း Newsweek အွန်လိုင်းသတင်းတွင် ၃-၆-၂၀၂၄ ရက်တွင် “Map Reveals States With Highest In Unemployed Parents” ခေါင်းစဉ်ဖြင့် ဖော်ပြချက်အရသိရှိရပါသည်။ 

အမေရိကန်သန်းခေါင်စာရင်းဗျူရို၏ အချက်အလက်များကို အခြေခံ၍ Newsweek က တွက်ချက်ထားသည့် အချက်အလက်များအရ အမေရိကန်ပြည်နယ်အများစုတွင် အလုပ် လက်မဲ့မိဘများ တိုးလာခဲ့ကြောင်း၊ အလုပ်ခွင်တွင် အလုပ်လုပ်ကိုင်ခြင်းမရှိသည့် မိဘများနှင့် နေထိုင်သော ကလေးငယ်အရေအတွက်မှာ (၁) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အဆိုပါ ကလေးအရေအတွက်မှာ (၇) ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ်တွင် (၈) ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ပြည်နယ်အချို့တွင် အလုပ်မလုပ်သည့် မိဘရာခိုင်နှုန်း တိုးလာခဲ့ပြီး ပြည်နယ် (၂) ခုတွင်သာ ကျဆင်းခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်အကြား (၁၈) နှစ်အောက် ကလေးငယ်များနှင့် နေထိုင်သည့် မိဘအရေအတွက်မှာ ပြည်နယ်အလိုက် ကွဲပြားမှုရှိကြောင်း၊ နိုင်ငံတစ်ဝှမ်း အလုပ်မလုပ်သည့် မိဘအရေအတွက် (၆၇) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ရာခိုင်နှုန်းအများဆုံးတိုးလာခဲ့သည့် ပြည်နယ်များမှာ နီဗားဒါးပြည်နယ်တွင် (၃၅၉) ရာခိုင်နှုန်း၊ နယူးဂျာဆီပြည်နယ်တွင် (၃၅၃) ရာခိုင်နှုန်း၊ နယူးယောက်ပြည်နယ်တွင် (၁၇၅) ရာခိုင်နှုန်းနှင့် တက္ကဆက်ပြည်နယ်တွင် (၁၇၂) ရာခိုင်နှုန်း တို့ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ပျမ်းမျှရာခိုင်နှုန်းအောက် အနည်းငယ်ခန့်ကျဆင်းခဲ့သည့် ပြည်နယ်မှာ ဗာဂျီးနီးယားပြည်နယ်တစ်ခုသာရှိကြောင်း၊ အချက်အလက်မရရှိသည့် ဗာမောင့်ပြည်နယ်မှအပ ကျန်ပြည်နယ်များတွင် သိသာစွာ ပြောင်းလဲမှုမရှိကြောင်း၊ Center on Poverty & Social Policy အဖွဲ့က ကောက်ယူခဲ့သည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်းတွင် မိဘတစ်ဦးတည်းသာရှိသော မိသားစုနှင့်မိဘနှစ်ဦးရှိသော မိသားစုနှစ်ခုစလုံးတွင် မိဘများအလုပ်လုပ်ကိုင်မှု မရှိသည်ကိုတွေ့ရပြီး ဤတွေ့ရှိချက်သည် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားခဲ့သည့် ကာလတစ်လျှောက် အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ Las Vegas မြို့တွင် အလုပ်လုပ်ကိုင်မှုမရှိသည့်မိဘ ရာခိုင်နှုန်းမြင့်မားပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဩဂုတ်လအတွင်း ကလေးငယ် (၃၅.၈) ရာခိုင်နှုန်းတွင် အနည်းဆုံး အလုပ်လက်မဲ့မိဘတစ်ဦးရှိကြောင်း၊ မိဘနှစ်ပါးစလုံး အလုပ်မလုပ်သည့် အိမ်ထောင်စုသည် (၂၀.၁) ရာခိုင်နှုန်းရှိကြောင်း၊ အထူး သဖြင့် လူမဲနှင့် Hispanic ကလေးငယ်များတွင် အလုပ်မလုပ်သည့် မိဘအရေအတွက် တိုးလာခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အလုပ်လက်မဲ့ မိခင်အရေအတွက်မှာ (၁၈.၈) ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ပြီး ယင်းပမာဏသည် နှစ်ပေါင်း (၅၀) အတွင်းအမြင့်ဆုံးဖြစ်ကြောင်း၊ အလားတူပင် အလုပ်လက်မဲ့ဖခင် အရေအတွက်မှာ (၁၄.၄) ရာခိုင်နှုန်းရှိလာခဲ့ကြောင်း၊ ဤကွာဟချက်သည် အိမ်မှုကိစ္စများကို တာဝန်ယူရာတွင် ကျား/မ ရေးရာမညီမျှမှုကြောင့်ဖြစ်သည်ဟု ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News