International News

တရုတ်ပြည်မကြီးမှ ဟောင်ကောင်၊ မကာအိုသို့ လာရောက်လည်ပတ်သူများအတွက် အကောက်ခွန်ကင်းလွတ်ခွင့် ကန့်သတ်ချက်တိုးမြှင့်

Last Updated:

ဟောင်ကောင်နှင့် မကာအို အထူးအုပ်ချုပ်ရေးဒေသများသို့ တရုတ်ပြည်မကြီးမှ လာရောက် လည်ပတ်သူများအတွက် အကောက်ခွန်လွတ်စျေးဝယ်ယူခြင်းအတွက် သတ်မှတ်ပမာဏ တိုးမြှင့်ခဲ့ကြောင်း တရုတ်နိုင်ငံအစိုးရက ကြေညာခဲ့သည်ဟု သိရှိရပါသည်။    

တရုတ်ပြည်မကြီးအနေဖြင့် ဟောင်ကောင်၊ မကာအိုတို့နှင့် ပိုမိုနီးကပ်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (CEPA) အရ ကုန်သွယ်မှုတွင် ပါဝင်မည့် ကုန်ပစ္စည်းအမျိုးအမယ် ဆိုင်ရာ ဆုံးဖြတ်ချက်ကို ဆွေးနွေးချမှတ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

CEPA ကို တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့သည် ၂၀၀၃ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် လည်းကောင်း၊ ပြည်မကြီးနှင့် မကာအိုတို့သည် ၂၀၀၃ ခုနှစ် နှောင်းပိုင်း အောက်တိုဘာ ၁၇ ရက်နေ့ တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါမူဝါဒသစ်အရ ဟောင်ကောင်နှင့် မကာအိုမှ ဝင်ရောက်လာသည့် အရွယ်ရောက်ပြီး သော ဧည့်သည်များအတွက် စုစုပေါင်း ယွမ် ၁၂,၀၀၀(အမေရိကန်ဒေါ်လာ ၁၆၈၃.၈) ထက်မပိုသော ပစ္စည်းများအတွက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်အခွန်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ ပူးတွဲထုတ်ပြန်ချက်အရ သိရှိရပါသည်။

အကောက်ခွန်မဲ့ဆိုင်များရှိသည့် နေရာများတွင်  ယွမ် ၁၅,၀၀၀ အထိ တိုးမြှင့်သွားမည်ဖြစ် ကြောင်း၊ Luohu၊ Futian နှင့် Shenzhen Bay အပါအဝင် နေရာခြောက်ခုတွင် ဇူလိုင်လ ၁ ရက်နေ့ မှစတင်၍လည်းကောင်း၊ Hengqin ဆိပ်ကမ်းမှလွဲ၍ ကျန်နေရာများတွင် သြဂုတ်လ ၁ ရက်နေ့မှ စတင်၍လည်းကောင်း စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းထားသည်ဟု သိရှိရပါသည်။

ဟောင်ကောင်နှင့် မကာအိုသို့ ခဏတာ အကြိမ်ပေါင်းများစွာ အသွားအလာများသော ခရီးသည်များအတွက် ခရီးဆောင်အိတ်သယ်ဆောင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အခြားတည်ဆဲ ပြဋ္ဌာန်းချက်များ ပြောင်းလဲခြင်းမရှိကြောင်း ဖော်ပြထားသည်ဟုလည်းသိရှိရပါသည်။

 

 

Source: China to raise duty-free limit for mainland visitors to HK, Macao (www.gov.cn)

ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

Category: International News