International News

ဖူးကွပ်ခ်ကျွန်းသည် ဘာလီကျွန်းကို ကျော်၍ ကမ္ဘာ့ဒုတိယအလှဆုံး ကျွန်းအဖြစ် သတ်မှတ်ခံရ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးကျွန်းဖြစ်သည့် Phu Quoc ကို ယခုနှစ်ကမ္ဘာ့အကောင်းဆုံးဆုများတွင် အမေရိကန်မဂ္ဂဇင်း Travel+Leisure ၏ စာဖတ်ပရိသတ်များက မဲပေးရွေးချယ်ခဲ့ကြရာ မော်လ်ဒိုက်ပြီးနောက် ကမ္ဘာ့ဒုတိယအလှဆုံးအဖြစ် မဲပေးရွေးချယ်ခံရကြောင်း ဖော်ပြထားပါ သည်။

စာဖတ်သူ ၇၀၀,၀၀၀ ၏ စံနှုန်းအဆင့်သတ်မှတ်ချက်များအပေါ် အခြေခံမဲပေးမှုအရ အင်ဒိုနီးရှားရှိ ဘာလီကျွန်းသည် အဆင့် ၃၊ ထိုင်းရှိ ဖူးခတ်က အဆင့် ၁၆၊ ထိုင်းရှိ KOh Samuicame အဆင့် ၉ ရှိကြောင်း သိရှိရပါသည်။

ထိုင်းပင်လယ်ကွေ့တွင် တည်ရှိပြီး Phu Quoc သည် ၎င်း၏ သန့်ရှင်းလှပသော ကမ်းခြေများနှင့် ဇိမ်ခံအပန်းဖြေစခန်းများကြောင့် လူသိများလာခဲ့သည်။

Phu Quoc သည် ယခုနှစ် ပထမ ၆ လအတွင်း နိုင်ငံခြားခရီးသွား ၅၀၀,၀၀၀ ကို လက်ခံခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း Kien Giang ခရီးသွားလုပ်ငန်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

မကြာသေးမီကတောင်ကိုရီးယားအနုပညာရှင်များနှင့် လာရောက်လည်ပတ်သူများကြောင့် ၎င်းသည် ဂုဏ်သတင်းကို ပိုမိုမြှင့်တင်နိုင်ပြီး စိတ်ဝင်စားမှုနှင့် အားရုံစိုက်မှု ပိုမိုတိုးလာစေနိုင် ကြောင်း ဖော်ပြထားပါသည်။

 

 

Source: VN Express International

(စီးပွား‌ရေးသံမှူး၊ဗီယက်နမ်)

Category: International News