International News

ဂြိုလ်တုများနှင့် အာကာသယာဉ်များတွင် အသုံးပြုသည့် Compound Semiconductors ထုတ်လုပ်မှု တိုးချဲ့ရန် Rocket Lab ကုမ္ပဏီနှင့် ကနဦးသဘောတူညီချက်ကို သမ္မတဂျိုးဘိုင်ဒင်အစိုးရ ထုတ်ပြန်

Last Updated:

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် Rocket Lab ကုမ္ပဏီအား အမေရိကန် အစိုးရ၏ CHIPS and Science Act အောက်တွင် အမေရိကန်ဒေါ်လာ (၂၃.၉) သန်းကို ထောက်ပံ့ပေးသွားရန် ကနဦးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ၎င်းကုမ္ပဏီ၏ CHIPS ထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြင့် အာကာသယာဉ်နှင့် ဂြိုလ်တုများအတွက် လိုအပ်သည့် Space-grade solar cells များ ဖြန့်ဖြူးထုတ်လုပ်နိုင်ရန် ပံ့ပိုးကူညီရာရောက်ကြောင်း၊ Rocket Lab ၏ စီမံကိန်းများကို တိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းဖြင့် Compound Semiconductor ထုတ်လုပ်မှုကို လာမည့် (၃) နှစ်အတွင်း (၅၀) ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်မည်ဖြစ်သဖြင့် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းများအတွက် Solar Cells များ၏ ဝယ်လိုအားများလာမှုကိုလည်း ကူညီပံ့ပိုးရာရောက်ကြောင်း၊ Rocket Lab ကုမ္ပဏီ၏ အဆိုပြုစီမံကိန်းသည် အမေရိကန်နိုင်ငံ၏ ကုန်ထုတ် လုပ်မှုကဏ္ဍ၌ တိုက်ရိုက်ခန့်ထားမည့် အလုပ် အကိုင်စုစုပေါင်း (၁၀၀) ကျော်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ 

                                                                    

                                                                                                                                  Source: https://www.ntia.gov/press-release/2024/biden-harris-administration-approves-colorado-and-new-hampshire-s-internet-all-initial-proposals

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News