International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဒုတိယမြောက် ဒူးရင်းသီးတင်သွင်းမှု အများဆုံးနိုင်ငံ ဖြစ်လာသည့် ဗီယက်နမ်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှု အများဆုံးနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ ပြီးလျှင် ဗီယက်နမ်နိုင်ငံသည် ဒုတိယမြောက်နေရာသို့ ရောက်ရှိလာပြီဖြစ်သည်။ ဗီယက်နမ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ဒူးရင်းသီး တင်ပို့မှုသည် ၂၀၂၄ ခုနှစ် ပထမပတ် လေးလအတွင်း တစ်နှစ်ထက် တစ်နှစ် ၉၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံ ပို့ကုန်/သွင်းကုန်ဌာန၏ ထုတ်ပြန် ချက်အရ သိရှိရသည်။

ဈေးကွက်ဈေးနှုန်းများ ပြိုင်ဆိုင်လာမှုများကြောင့် ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီးများ တရုတ် နိုင်ငံသို့ တင်သွင်းမှု၌ အရှိန်မြှင့်တက်လာခဲ့သည်။ ယခုနှစ် ပထမ လေးလပတ်အတွင်း ဗီယက်နမ် ဒူးရင်းသီး၏ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄,၆၆၂ ဖြစ်ပြီး တရုတ်နိုင်ငံ၏ ပျမ်းမျှ တင်သွင်းမှုဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၅,၃၉၅ ဖြစ်ခဲ့ကြောင်း VnExpress သတင်းစာ၏ နှိုင်းယှဉ်ဖော်ပြခဲ့မှုအရ သိရှိရသည်။

ဗီယက်နမ်နိုင်ငံမှ လတ်ဆတ်သော ဒူးရင်းသီးများသည် တစ်နှစ်ပတ်လုံး ရိတ်သိမ်းရာသီအားသာချက်၊ သယ်ယူပို့ဆောင်ရေး မြန်ဆန်မှုနှင့် ဈေးနှုန်းသင့်တင့်မှု စသည့်အားသာချက်များကြောင့် တရုတ်နိုင်ငံသို့ တင်ပို့ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ဗီယက်နိုင်ငံမှ တရုတ် နိုင်ငံသို့ ဒူးရင်းသီးအပြင် ငှက်သိုက်၊ ကန်စွန်းဥ၊ နဂါးမောက်သီး၊ သရက်သီး၊ ပိန္နဲသီး၊ ဖရဲသီး၊ ငှက်ပျောသီး၊ မင်းကွတ်သီး၊ လိုင်ချီးသီးနှင့် ပင်မှည့်သီးတို့ကို တင်ပို့ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

 

အရင်းမြစ်။ http://en.people.cn/n3/2024/0611/c90000-20179876.html

လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News