International News

STYLE Bangkok 2024 ကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ The Queen Sirikit National Convention Center (QSNCC) တွင် ကျင်းပလျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန(Department of International Trade Promotion (DITP)) မှ ကြီးမှူး၍ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ the Queen Sirikit National Convention Center (QSNCC) တွင် STYLE Bangkok 2024 ကို ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ “ChicNature” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ရာ ပြပွဲ၏ ပထမ (၃) ရက်ဖြစ်သည့် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိတွင် ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုန်သွယ်ရေး ကိုယ်စားလှယ်များ (Trade Missions) ကို ဝင်ရောက်ခွင့်ပြုပြီး မတ်လ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့များတွင် အများပြည်သူအား လာရောက် ကြည့်ရှု ဝယ်ယူခွင့်ပြုထားကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုင်းဒေသကြီးများမှ ဝါး၊ ကြိမ်လက်မှုပစ္စည်းများ၊ ကြာချည်၊ ဝါချည်နှင့် ငှက်ပျောချည် လုပ်ငန်းတို့မှ လုပ်ငန်း(၄) ခုမှ ပါဝင်ပြသလျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံ၏ OTOP လုပ်ငန်းများ၊ နိုင်ငံတကာရှိ ကုမ္ပဏီ ၄၉၀ ခုမှ လက်မှုပစ္စည်းများ၊ အိမ်ထောင်သုံး ပရိဘောဂများ၊ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာကုမ္ပဏီများမှ ပြခန်းပေါင်း ၈၂၀ ဖြင့် ပါဝင်ပြသလျက်ရှိကြောင်း စီးပွားရေးသံမှူး သွား‌ရောက်လေ့လာခဲ့မှုအရ သိရှိခဲ့ရပါသည်။

 

 

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

 

 

 

Category: International News