International News

ထိုင်းနိုင်ငံ၌ မဟာဗျူဟာကျသော ငွေကြေးစီမံခန့်ခွဲမှုဖြစ်စေရေးအတွက် ဘဏ္ဍာရေး ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ပို့ကုန်ဦးစားပေးဖြစ်သောကြောင့် ပို့ကုန်လုပ်ငန်းစဉ်များ မြှင့်တင်ရာတွင် ထိရောက်သော ငွေကြေးစီမံခန့်ခွဲမှုသည် မရှိမဖြစ်လိုအပ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး H.E Mr. Pichai Chunhavajira က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် တင်ပို့နေသောနိုင်ငံတစ်ခုဖြစ်သဖြင့် ပို့ကုန်ကို အထောက်အကူပြုနိုင်ရန်အလို့ငှာငွေကြေးကို မဟာဗျူဟာကျကျ စီမံခန့်ခွဲရန် လိုအပ်ကြောင်း၊ သွင်းကုန်များသည် ပို့ကုန် များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပို့ကုန်တွင် တင်သွင်းလာသော ပစ္စည်းများနှင့် ပြည်တွင်းထုတ် ပစ္စည်းများလည်း ပါဝင်ပါကြောင်း၊ ပို့ကုန်များများရှိလေလေ ရင်းနှီးမြှုပ်နှံမှု မြင့်မားလေလေ ဖြစ်ပါကြောင်း၊ ငွေကြေးကို စီမံခန့်ခွဲရာ၌ ပို့ကုန်မြှင့်တင်ရန် အဆိုပါ ငွေကြေးကို အားပျော့စေခြင်းကဲ့သို့ ရိုးရှင်းသော လုပ်ငန်းစဉ်မဟုတ်ဘဲ စနစ်ကျသော ချဉ်းကပ်မှု လိုအပ်ပါကြောင်း၊ နိုင်ငံ တစ်ခုချင်းစီ၏ အခြေအနေပေါ် မူတည်၍ နည်းလမ်းများစွာရှိကြောင်း၊ ဘတ်ငွေ အားပျော့စေခြင်းသည် သင့်တင့်သော နည်းလမ်းဖြစ်သော်လည်း အခြားနိုင်ငံများ၏ ဥပမာများကို ကြည့်ရှုရမည်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ငွေကြေးခိုင်မာခြင်းသည် နိုင်ငံခြားငွေကြေး သိသိသာသာ စီးဝင်လာခြင်းကြောင့် ဖြစ်သဖြင့် ငွေကြေးကို အားပျော့စေရေးအတွက် အစိုးရကြားဝင်ခြင်းနှင့် အတိုးနှုန်းနည်းလမ်းတို့သည် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အခြားသာ နည်းလမ်းသည် ငွေကြေးကို အားပျော့စေပြီး ရင်းနှီး မြှုပ်နှံမှုကို မြင့်တက်စေကြောင်း၊ စင်ကာပူနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေထူထောင်ထားပြီး နိုင်ငံခြားငွေကြေးများစွာရရှိသော အရှေ့အလယ်ပိုင်း နိုင်ငံများသည်လည်း ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ထူထောင်ထားကြပါကြောင်း၊ ဂျပန်နိုင်ငံတွင် ရန်ပုံငွေထူထောင်ရန် လက်မခံကြဘဲ ဂျပန်ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံခြားတွင် ရင်းနှီးမြှုပ်နှံရန် မြှင့်တင်ပေးပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ငွေကြေးမူဝါဒ ကော်မတီက Policy အတိုးနှုန်းကို ၂၅ အခြေခံအမှတ်မှ ၂.၂၅ ရာခိုင်နှုန်းထိ လျှော့ချရန် ဆုံးဖြတ်ခဲ့သဖြင့် ယင်းနှုန်းထားသည် သင့်တော်သော အဆင့်အဖြစ် စဉ်းစားနိုင်ပါ ကြောင်း၊ Policy နှုန်း ပြောင်းလဲသွားသော်လည်း စီးပွားရေး တည်ငြိမ်မှုအပေါ် သိသာသော ဖိအားတစ်စုံတစ်ရာ ယခုအချိန်ထိ မပေါ်ပေါက်သေးပါကြောင်း၊ အနည်းငယ်သာ လျှော့ချလိုက် ခြင်းသည် ငွေကြေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒများသည် တူညီသော ဦးတည်ရာသို့ ရွေ့လျားနေ သည့် အဓိပ္ပာယ်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် Mr. Lavaron Sangsnit က သုံးသပ်ပြောကြားခဲ့သည်။

ဘတ်ငွေခိုင်မာနေခြင်းကြောင့် ထိုင်းနိုင်ငံ ပို့ကုန်လုပ်ငန်းရှင်များအပေါ် သက်ရောက်မှု ရှိလာသဖြင့် ဘတ်ငွေအားပျော့စေရေးအတွက် ထိုင်းဘဏ်က Policy နှုန်း ပြောင်းလဲပေးခဲ့ပါသည်။ ငွေကြေးခိုင်မာနေခြင်းသည် နိုင်ငံအတွင်းသို့ နိုင်ငံခြားငွေကြေးများ စီးဝင်လာခြင်းကြောင့် ဖြစ်သော်လည်း ငွေကြေးပေါ် အခြေခံနေသော ပို့ကုန်လုပ်ငန်းရှင်များ၏ အမြတ်ရငွေအပေါ် သက်ရောက်မှုရှိလာခဲ့ခြင်းကြောင့် မူဝါဒပြောင်းလဲထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.com

 စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News