Local News

မန္တလေးကုန်စည်ဒိုင်တွင် ကုလားပဲဈေးကွက် ဈေးမြင့်လာ

Last Updated:

မေလတတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ပဲမျိုးစုံဝင်ရောက်လျက်ရှိရာ ကုလားပဲဈေးကွက်မှာ  ဈေးမြင့်လာကြောင်းသိရသည်။ စက်ပိုင်များမှ ပုံမှန်ဝယ်ယူမှုရှိခြင်း ကုလားပဲ လက် ကျန်နည်းခြင်း၊  ပြည်ပပို့ကုန်ပဲများ ဈေးမြင့်လာခြင်းနှင့်အတူ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ လည်း လိုက်ပါဈေးမြင့်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ကုလားပဲဖြူကြီး (V-2) ၅၇.၂၅ ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၄၇၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၄၃၀၀၀ မှ ၂၄၄၀၀၀၊ ယခင်လကျပ် ၂၄၃၀၀၀ မှ ၂၄၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၃၀၀၀ မှ ၄၀၀၀  ၊ ယခင်လထက်ကျပ် ၄၀၀၀ မှ ၇၀၀၀ မြင့်တက်လာသည်။

ကုလားပဲဖြူကြီး(V-7) ၅၇.၂၅ ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၅၇၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၄၈၀၀၀ မှ ၂၄၉၀၀၀၊ ယခင်လကျပ် ၂၄၈၀၀၀ မှ ၂၅၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၈၀၀၀ မှ ၉၀၀၀ ၊ ယခင်လထက်ကျပ် ၇၀၀၀ မှ ၉၀၀၀ မြင့်တက်လာသည်။

ကုလားပဲ(ထိုင်ဝမ်) ၅၆.၂၅ ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၂၈၀၀၀ မှ ၂၂၉၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၁၈၀၀၀ ၊ ယခင်လ ကျပ် ၂၂၂၀၀၀ မှ ၂၂၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀၀ မှ ၁၁၀၀၀ ၊ ယခင်လထက်ကျပ် ၆၀၀၀  မြင့်တက်လာသည်။

ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၃၇၀၀၀ မှ ၂၃၈၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၃၅၀၀၀ မှ ၂၃၆၀၀၀၊ ယခင်လကျပ် ၂၃၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် ထက်ကျပ် ၂၀၀၀ ၊ယခင်လထက်ကျပ် ၄၀၀၀ မှ ၅၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News